22 နှစ်လုံး အိမ်ငှားခ ပေးစရာမလိုတဲ့ Rio de Janerio မြို့က သဲရဲတိုက်ဘုရင်


ဘရားဇီးနိုင်ငံသား Marcio Mizael Matolias က 22နှစ်လုံး အိမ်ငှားခတွေကို ပေးစရာ မလိုခဲ့ပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ သူက Rio de Janeiro မြို့ရဲ့ နာမည်ကြီးလှတဲ့ Barra do Tijuca ကမ်းခြေမှာ နေလို့ပါပဲ။ Matolias က ကမ်းခြေက သူကိုယ်တိုင် ဆောက်ထားတဲ့ သဲရဲတိုက်မှာ နေပါတယ်။


အသက် 44 နှစ်အရွယ် Matolias ကို King Marcio လို့ သိကြပါတယ်။ သူဟာ Barra da Tijuca ကမ်းခြေပေါ်မှာရှိတဲ့ သဲရဲတိုက်တစ်လုံးပေါ်မှာ နေလာတာ ဆယ်စုနှစ် နှစ်စုကြာခဲ့ပါပြီ။ King Marcio ဆိုတဲ့ နာမည်အတိုင်းပဲ Matolias က သူ့ရဲတိုက်အပြင်ဘက်မှာ ပလ္လင်ကို တည်ဆောက်ထားပါတယ်။ ပလက်စတစ်သရဖူ ဆောင်းထားပြီး ကျိုင်းတစ်ခုကို သယ်သွားတတ်တဲ့သူကို အမြဲမြင်တွေ့နိုင်ပါတယ်။


အလှဆင်ထားတဲ့ သဲရဲတိုက်တွေက Rio de Janerio မြို့ရဲ့ ကမ်းခြေအတော်များများမှာ ရှိပါတယ်။ အဲဒီသဲရဲတိုက်တွေကို ဒေသခံတွေက ခရီးသွားဧည့်သည်တွေကို ဆွဲဆောင်ဖို့ ပြုလုပ်ထားတာပါ။ သဲရဲတိုက်တွေကို ခရီးသွားဧည့်သည်တွေက ဓာတ်ပုံရိုက်ရင် ဒေသခံတွေက ငွေအကြွေတွေရပါတယ်။ ဒါပေမယ့် Matolias က သဲရဲတိုက်ကို အိမ်အဖြစ်ဆောက်လုပ်တဲ့ ပထမဆုံးလူဖြစ်ပါတယ်။ Rio မြို့ရဲ့ အိမ်ရာဈေးတွေ မြင့်တက်သွားစေလောက်အောင် သူ့ရဲ့ကြိုးပမ်းအားထုတ်မှုက ထင်ဟပ်သွားပါတယ်။


"ကျွန်တော် Guanabara ပင်လယ်အော်မှာပဲ ကြီးပြင်းလာခဲ့တယ်။ ဒီကမ်းခြေမှာပဲ အမြဲနေတယ်။ လူတွေက ပင်လယ်ရဲ့အနားမှာ နေနိုင်ဖို့ ငှားရမ်းခတွေ မတန်တဆ ပေးကြတယ်။ ကျွန်တော့်မှာ ပေးစရာငွေ မရှိဘူး။ ဒီမှာတော့ ကျွန်တော့်ဘဝက နေပျော်တယ်" လို့ ဒီလိုနေထိုင်ဖို့ရွေးချယ်တာနဲ့ ပတ်သက်ပြီး Matolias က အင်္ဂလန်နိုင်ငံရဲ့ The Mirror သတင်းစာကို ပြောပါတယ်။


သဲရဲတိုက်ရဲ့ တံတိုင်းတွေနဲ့ ပြအိုးတွေကို ထိန်းသိမ်းဖို့အတွက် Matolias က ရဲတိုက်ရဲ့ ဘေးဘက်တွေကို ပုံမှန်ရေဖြန်းပေးဖို့ လိုပါတယ်။ မြို့ရဲ့တစ်နှစ်ပတ်လုံး အပူပိုင်းရာသီဥတုက သဲတွေကို တစ်စစီဖြစ်အောင် လုပ်နိုင်လို့ စောင့်ရှောက်ရပါတယ်။ စိတ်ရှည်သည်းခံဖို့လည်း လိုပါသေးတယ်။


အပူပိုင်းမုန်တိုင်းတစ်ခုက သဲရဲတိုက်ကို မိနစ်ပိုင်းအတွင်း ဖျက်ဆီးနိုင်ပါတယ်။ အဲဒီလိုမုန်တိုင်းဝင်ရင်တော့ အစကနေပြန်ပြီး တည်ဆောက်ရပါတော့တယ်။ 22 နှစ်လုံး လုပ်ကိုင်လာခဲ့ရာမှာတော့ Matolias ဟာ သဲရဲတိုက်ကို အနေအထားလိုက်ပြီး မြန်မြန်ဆန်ဆန် ကျွမ်းကျွမ်းကျင်ကျင်နဲ့ ပြန်လည်တည်ဆောက်တတ်သူ ဖြစ်လာပါတယ်။


သူ့ရဲ့ရဲတိုက်က ဒေသတွင်းမှာရှိတဲ့ ဈေးဝယ်စင်တာရဲ့ အာရုံစိုက်မှုကို ခံရပါတယ်။ ဈေးဝယ်စင်တာမှာ သဲအနုပညာတွေ ပြသနိုင်ဖို့အတွက် တစ်ခါတရံ သူ့ကိုလာရောက်ငှားရမ်းကြပါတယ်။ ဒီလိုသဲရဲတိုက်ကို ဆောက်နိုင်ဖို့အတွက် သူငယ်ချင်းတစ်ယောက်ဆီကလည်း လေ့လာတယ်၊ စာအုပ်တွေထဲကလည်း လေ့လာတယ်လို့ Matolias က ပြောပါတယ်။


အဓိကကတော့ သူ့ရဲ့စိတ်အားထက်သန်မှုက ဒီလိုဆောက်ဖြစ်စေတာပါ။ Matolias က ဂေါက်ရိုက်တာနဲ့ ငါးဖမ်းတာကိုလည်း ဝါသနာပါပါသေးတယ်။ စာအုပ်တွေ၊ ဂေါက်ရိုက်တံတွေ၊ ငါးမျှားတံတွေကိုလည်း စုဆောင်းထားပါတယ်။ သဲရဲတိုက်ကြီးက ကြီးကျယ်ခမ်းနားစွာပေါ်ပေါက်လာတဲ့အချိန်မှာ ရဲတိုက်မျက်နှာစာက အထဲမှာရှိတဲ့ အခန်းသေးသေးလေးတွေကို ဖုံးနေပါတယ်။


32 စတုရန်းမီတာကျယ်ဝန်းတဲ့ Matolias ရဲ့ အိပ်ခန်းက ကြမ်းပြင်ကနေ မျက်နှာကြက်အထိ စာအုပ်တွေနဲ့ ပုံနေပါတယ်။အိပ်ခန်းကို သစ်သားရက်မတွေနဲ့ ထောက်ထားပါတယ်။ ရေချိုးခန်းက ကမ်းခြေကယ်ဆယ်ရေးတဲအနီးမှာ ရှိပါတယ်။ အဲဒီနေရာမှာ သူရေချိုးပါတယ်။ Matolias က နိုင်ငံတွင်းမှာ ထင်ရှားကျော်ကြားလာပြီး အများရဲ့ အာရုံစိုက်မှုကိုလည်း ခံလာရပါတယ်။


စူးစမ်းတတ်တဲ့ ခရီးသွားတွေကတော့ King Marcio နဲ့ သူ့ရဲ့ထူးခြားတဲ့အိမ်လေးကို ဓာတ်ပုံရိုက်ဖို့ လာကြပါတယ်။ Matolias က ခရီးသွားတွေကို သူ့ပလ္လင်ပေါ်မှာထိုင်ဖို့ ခွင့်ပြုပါတယ်။ ဒါမှမဟုတ် Matolias က ထိုင်ခုံပေါ်မှာ ပျော်ပျော်ကြီးထိုင်ပြီး ဓာတ်ပုံ အရိုက်ခံပါတယ်။ တစ်ခါတရံမှာ ခရီးသွားတွေက သူ့အတွက် ပိုက်ဆံပေးကြပါတယ် (အမြဲတော့ မဟုတ်ပါဘူး)။ အဲဒါကတော့ သူ့ရဲ့ဝင်ငွေပါပဲ။


သူချစ်ရတဲ့စာအုပ်တွေကလည်း ဝင်ငွေရဖို့ ကူညီပါသေးတယ်။ ရဲတိုက်ဘေးက စားပွဲတစ်လုံးပေါ်မှာ စာအုပ်တွေ ပုံထားပါတယ်။ အဲဒီစားပွဲပေါ်မှာ ဖြတ်သွားဖြတ်လာတွေက စာအုပ်တွေ ဝယ်လို့လည်း ရပါတယ်။ ရောင်းလို့လည်း ရပါတယ်။ သင့်တော်တဲ့ဈေးတော့ ပေးသွားတတ်ကြပါတယ်။ စာအုပ်တွေရဲ့အပေါ်နားမှာ "စာအုပ်တစ်အုပ်ကို ယူပြီး ငွေထည့်သွားပါ။ အဲဒီအခါ ပင်ကိုအရည်အချင်းတွေက အဆုံးမသတ်တော့ပါဘူး" လို့ ရေးထားပါတယ်။


သဲရဲတိုက်ရဲ့ မကောင်းတဲ့ အချက်ကတော့ သဲက အပူကို ထိန်းထားခြင်းပါပဲ။ နွေရာသီမှာ Rio မြို့ရဲ့အပူချိန်က 40'C (104'F) အထိ တစ်ဟုန်ထိုး မြင့်တက်ပါတယ်။ အဲဒါကြောင့် Matolias က အိပ်လို့ မရဘူးလို့ ပြောပါတယ်။


ရာသီဥတု ပူတဲ့ရက်တွေမှာဆိုရင် (ပင်လယ်ဘေးမှာ နေရတာ ပိုကြိုက်ပေမယ့်) Matolias က သူငယ်ချင်းတစ်ယောက်နဲ့ အတူသွားနေပါတယ်။ သဲသောင်ပြင်ပေါ်က သူ့ရဲ့နန်းတော်ကိုတော့ ထားပစ်ခဲ့ဖို့ ဘယ်အချိန်မှာမှ စိတ်ကူးမရှိပါဘူး။

Zombie (LoveMedia)
Ref - theculturetrip
================
For Zawgyi

22 ႏွစ္လုံး အိမ္ငွားခ ေပးစရာမလိုတဲ့ Rio de Janerio ၿမိဳ႕က သဲရဲတိုက္ဘုရင္

ဘရားဇီးႏိုင္ငံသား Marcio Mizael Matolias က 22ႏွစ္လုံး အိမ္ငွားခေတြကို ေပးစရာ မလိုခဲ့ပါဘူး။ ဘာ့ေၾကာင့္လဲဆိုေတာ့ သူက Rio de Janeiro ၿမိဳ႕ရဲ႕ နာမည္ႀကီးလွတဲ့ Barra do Tijuca ကမ္းေျခမွာ ေနလို႔ပါပဲ။ Matolias က ကမ္းေျခက သူကိုယ္တိုင္ ေဆာက္ထားတဲ့ သဲရဲတိုက္မွာ ေနပါတယ္။

အသက္ 44 ႏွစ္အ႐ြယ္ Matolias ကို King Marcio လို႔ သိၾကပါတယ္။ သူဟာ Barra da Tijuca ကမ္းေျခေပၚမွာရွိတဲ့ သဲရဲတိုက္တစ္လုံးေပၚမွာ ေနလာတာ ဆယ္စုႏွစ္ ႏွစ္စုၾကာခဲ့ပါၿပီ။ King Marcio ဆိုတဲ့ နာမည္အတိုင္းပဲ Matolias က သူ႔ရဲတိုက္အျပင္ဘက္မွာ ပလႅင္ကို တည္ေဆာက္ထားပါတယ္။ ပလက္စတစ္သရဖူ ေဆာင္းထားၿပီး က်ိဳင္းတစ္ခုကို သယ္သြားတတ္တဲ့သူကို အၿမဲျမင္ေတြ႕ႏိုင္ပါတယ္။

အလွဆင္ထားတဲ့ သဲရဲတိုက္ေတြက Rio de Janerio ၿမိဳ႕ရဲ႕ ကမ္းေျခအေတာ္မ်ားမ်ားမွာ ရွိပါတယ္။ အဲဒီသဲရဲတိုက္ေတြကို ေဒသခံေတြက ခရီးသြားဧည့္သည္ေတြကို ဆြဲေဆာင္ဖို႔ ျပဳလုပ္ထားတာပါ။ သဲရဲတိုက္ေတြကို ခရီးသြားဧည့္သည္ေတြက ဓာတ္ပုံ႐ိုက္ရင္ ေဒသခံေတြက ေငြအေႂကြေတြရပါတယ္။ ဒါေပမယ့္ Matolias က သဲရဲတိုက္ကို အိမ္အျဖစ္ေဆာက္လုပ္တဲ့ ပထမဆုံးလူျဖစ္ပါတယ္။ Rio ၿမိဳ႕ရဲ႕ အိမ္ရာေဈးေတြ ျမင့္တက္သြားေစေလာက္ေအာင္ သူ႔ရဲ႕ႀကိဳးပမ္းအားထုတ္မႈက ထင္ဟပ္သြားပါတယ္။

"ကြၽန္ေတာ္ Guanabara ပင္လယ္ေအာ္မွာပဲ ႀကီးျပင္းလာခဲ့တယ္။ ဒီကမ္းေျခမွာပဲ အၿမဲေနတယ္။ လူေတြက ပင္လယ္ရဲ႕အနားမွာ ေနႏိုင္ဖို႔ ငွားရမ္းခေတြ မတန္တဆ ေပးၾကတယ္။ ကြၽန္ေတာ့္မွာ ေပးစရာေငြ မရွိဘူး။ ဒီမွာေတာ့ ကြၽန္ေတာ့္ဘဝက ေနေပ်ာ္တယ္" လို႔ ဒီလိုေနထိုင္ဖို႔ေ႐ြးခ်ယ္တာနဲ႔ ပတ္သက္ၿပီး Matolias က အဂၤလန္ႏိုင္ငံရဲ႕ The Mirror သတင္းစာကို ေျပာပါတယ္။

သဲရဲတိုက္ရဲ႕ တံတိုင္းေတြနဲ႔ ျပအိုးေတြကို ထိန္းသိမ္းဖို႔အတြက္ Matolias က ရဲတိုက္ရဲ႕ ေဘးဘက္ေတြကို ပုံမွန္ေရျဖန္းေပးဖို႔ လိုပါတယ္။ ၿမိဳ႕ရဲ႕တစ္ႏွစ္ပတ္လုံး အပူပိုင္းရာသီဥတုက သဲေတြကို တစ္စစီျဖစ္ေအာင္ လုပ္ႏိုင္လို႔ ေစာင့္ေရွာက္ရပါတယ္။ စိတ္ရွည္သည္းခံဖို႔လည္း လိုပါေသးတယ္။

အပူပိုင္းမုန္တိုင္းတစ္ခုက သဲရဲတိုက္ကို မိနစ္ပိုင္းအတြင္း ဖ်က္ဆီးႏိုင္ပါတယ္။ အဲဒီလိုမုန္တိုင္းဝင္ရင္ေတာ့ အစကေနျပန္ၿပီး တည္ေဆာက္ရပါေတာ့တယ္။ 22 ႏွစ္လုံး လုပ္ကိုင္လာခဲ့ရာမွာေတာ့ Matolias ဟာ သဲရဲတိုက္ကို အေနအထားလိုက္ၿပီး ျမန္ျမန္ဆန္ဆန္ ကြၽမ္းကြၽမ္းက်င္က်င္နဲ႔ ျပန္လည္တည္ေဆာက္တတ္သူ ျဖစ္လာပါတယ္။

သူ႔ရဲ႕ရဲတိုက္က ေဒသတြင္းမွာရွိတဲ့ ေဈးဝယ္စင္တာရဲ႕ အာ႐ုံစိုက္မႈကို ခံရပါတယ္။ ေဈးဝယ္စင္တာမွာ သဲအႏုပညာေတြ ျပသႏိုင္ဖို႔အတြက္ တစ္ခါတရံ သူ႔ကိုလာေရာက္ငွားရမ္းၾကပါတယ္။ ဒီလိုသဲရဲတိုက္ကို ေဆာက္ႏိုင္ဖို႔အတြက္ သူငယ္ခ်င္းတစ္ေယာက္ဆီကလည္း ေလ့လာတယ္၊ စာအုပ္ေတြထဲကလည္း ေလ့လာတယ္လို႔ Matolias က ေျပာပါတယ္။

အဓိကကေတာ့ သူ႔ရဲ႕စိတ္အားထက္သန္မႈက ဒီလိုေဆာက္ျဖစ္ေစတာပါ။ Matolias က ေဂါက္႐ိုက္တာနဲ႔ ငါးဖမ္းတာကိုလည္း ဝါသနာပါပါေသးတယ္။ စာအုပ္ေတြ၊ ေဂါက္႐ိုက္တံေတြ၊ ငါးမွ်ားတံေတြကိုလည္း စုေဆာင္းထားပါတယ္။ သဲရဲတိုက္ႀကီးက ႀကီးက်ယ္ခမ္းနားစြာေပၚေပါက္လာတဲ့အခ်ိန္မွာ ရဲတိုက္မ်က္ႏွာစာက အထဲမွာရွိတဲ့ အခန္းေသးေသးေလးေတြကို ဖုံးေနပါတယ္။

32 စတုရန္းမီတာက်ယ္ဝန္းတဲ့ Matolias ရဲ႕ အိပ္ခန္းက ၾကမ္းျပင္ကေန မ်က္ႏွာၾကက္အထိ စာအုပ္ေတြနဲ႔ ပုံေနပါတယ္။အိပ္ခန္းကို သစ္သားရက္မေတြနဲ႔ ေထာက္ထားပါတယ္။ ေရခ်ိဳးခန္းက ကမ္းေျခကယ္ဆယ္ေရးတဲအနီးမွာ ရွိပါတယ္။ အဲဒီေနရာမွာ သူေရခ်ိဳးပါတယ္။ Matolias က ႏိုင္ငံတြင္းမွာ ထင္ရွားေက်ာ္ၾကားလာၿပီး အမ်ားရဲ႕ အာ႐ုံစိုက္မႈကိုလည္း ခံလာရပါတယ္။

စူးစမ္းတတ္တဲ့ ခရီးသြားေတြကေတာ့ King Marcio နဲ႔ သူ႔ရဲ႕ထူးျခားတဲ့အိမ္ေလးကို ဓာတ္ပုံ႐ိုက္ဖို႔ လာၾကပါတယ္။ Matolias က ခရီးသြားေတြကို သူ႔ပလႅင္ေပၚမွာထိုင္ဖို႔ ခြင့္ျပဳပါတယ္။ ဒါမွမဟုတ္ Matolias က ထိုင္ခုံေပၚမွာ ေပ်ာ္ေပ်ာ္ႀကီးထိုင္ၿပီး ဓာတ္ပုံ အ႐ိုက္ခံပါတယ္။ တစ္ခါတရံမွာ ခရီးသြားေတြက သူ႔အတြက္ ပိုက္ဆံေပးၾကပါတယ္ (အၿမဲေတာ့ မဟုတ္ပါဘူး)။ အဲဒါကေတာ့ သူ႔ရဲ႕ဝင္ေငြပါပဲ။

သူခ်စ္ရတဲ့စာအုပ္ေတြကလည္း ဝင္ေငြရဖို႔ ကူညီပါေသးတယ္။ ရဲတိုက္ေဘးက စားပြဲတစ္လုံးေပၚမွာ စာအုပ္ေတြ ပုံထားပါတယ္။ အဲဒီစားပြဲေပၚမွာ ျဖတ္သြားျဖတ္လာေတြက စာအုပ္ေတြ ဝယ္လို႔လည္း ရပါတယ္။ ေရာင္းလို႔လည္း ရပါတယ္။ သင့္ေတာ္တဲ့ေဈးေတာ့ ေပးသြားတတ္ၾကပါတယ္။ စာအုပ္ေတြရဲ႕အေပၚနားမွာ "စာအုပ္တစ္အုပ္ကို ယူၿပီး ေငြထည့္သြားပါ။ အဲဒီအခါ ပင္ကိုအရည္အခ်င္းေတြက အဆုံးမသတ္ေတာ့ပါဘူး" လို႔ ေရးထားပါတယ္။

သဲရဲတိုက္ရဲ႕ မေကာင္းတဲ့ အခ်က္ကေတာ့ သဲက အပူကို ထိန္းထားျခင္းပါပဲ။ ေႏြရာသီမွာ Rio ၿမိဳ႕ရဲ႕အပူခ်ိန္က 40'C (104'F) အထိ တစ္ဟုန္ထိုး ျမင့္တက္ပါတယ္။ အဲဒါေၾကာင့္ Matolias က အိပ္လို႔ မရဘူးလို႔ ေျပာပါတယ္။

ရာသီဥတု ပူတဲ့ရက္ေတြမွာဆိုရင္ (ပင္လယ္ေဘးမွာ ေနရတာ ပိုႀကိဳက္ေပမယ့္) Matolias က သူငယ္ခ်င္းတစ္ေယာက္နဲ႔ အတူသြားေနပါတယ္။ သဲေသာင္ျပင္ေပၚက သူ႔ရဲ႕နန္းေတာ္ကိုေတာ့ ထားပစ္ခဲ့ဖို႔ ဘယ္အခ်ိန္မွာမွ စိတ္ကူးမရွိပါဘူး။

Zombie (LoveMedia)
Ref - theculturetrip

Post a Comment

0 Comments