ဘဝမှာ အောင်မြင်မှုတွေ ရလာတဲ့အခါ ကိုယ့်ကို ဒီလိုအောင်မြင်လာအောင် ကူညီပေးခဲ့သူတွေကို မမေ့သင့်ပါဘူး။ ကိုယ့်ကို အောင်မြင်အောင် အများဆုံးလုပ်ပေးခဲ့သူတွေကတော့ မိဘတွေပါပဲ။ မိဘတွေက သားသမီးတွေအတွက် အလုပ်တွေကြိုးစား၊ အပင်ပန်းခံ၊ အနစ်နာခံခဲ့ကြပါတယ်။
ဒီလူငယ်လေးကတော့ သူ့ရဲ့ရည်မှန်းချက်တွေ အောင်မြင်လာတဲ့အခါ သူ့ရဲ့မိဘတွေကို မမေ့ကြောင်း သက်သေပြခဲ့ပါတယ်။ အင်ဒိုနီးရှားနိုင်ငံက အသက် ၁၉ နှစ် အရွယ် Mohamad Risky Saputraဟာ Sulawesi အလယ်ပိုင်း၊ Palu မြို့က ရဲသင်တန်းကျောင်းက သင်တန်းသားတစ်ဦး ဖြစ်ပါတယ်။ သူ့ရဲ့အဖေကို ကြမ်းပေါ်မှာ ထိုင်ပြီးကန်တော့နေတဲ့ ပုံက social mediaမှာ ပျံ့နှံ့သွားခဲ့ပါတယ်။ Risky က မိသားစုထဲမှာ အငယ်ဆုံးသားပါ။
Risky က ရဲတစ်ယောက် အမြဲတမ်းဖြစ်ချင်ခဲ့ပေမယ့် သူတို့မိသားစုရဲ့အခြေအနေကြောင့် မတတ်နိုင်ခဲ့ဘူးလို့ Risky ရဲ့အမေက ပြောပြပါတယ်။ Risky တို့ တစ်မိသားစုလုံးက အဖေဖြစ်သူရဲ့ ဝင်ငွေနဲ့ မှီခိုစားသောက်နေကြပါတယ်။ Risky ရဲ့အဖေက မြို့ထဲမှာ Gado Gado လို့ခေါ်တဲ့ အင်ဒိုနီးရှားအစားအစာကို လှည့်လည်ရောင်းပါတယ်။
Risky တစ်ယောက် ရဲသင်တန်းတက်ဖို့ ရွေးချယ်တဲ့အထဲ ပါသွားတာကို သူ့အမေကလည်း မယုံနိုင်ဖြစ်နေပါတယ်။ သင်တန်းဆင်းပွဲကို တက်ရောက်ရတော့မှာဖြစ်လို့ Risky ရဲ့ မိဘတွေက ဂုဏ်ယူနေကြပါတယ်။
Zombie (Love Media)
Ref - Worldofbuzz
For Zawgyi
ရည်မှန်းချက်တွေဖြစ်လာတဲ့အခါ မိဘကျေးဇူးကို သိတတ်ခဲ့တဲ့ အမျိုးသား
Zombie (Love Media)
Ref - Worldofbuzz
0 Comments