လေဖြတ်တော့မယ်ဆိုရင် ခန္ဓာကိုယ်မှာ ပြလာတတ်တဲ့ လက္ခဏာများ


သေဆုံးမှု အမြင့်မားဆုံး ရောဂါတွေထဲမှာ လေဖြတ်ခြင်းက တတိယနေရာမှာ ရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ပြောပါတယ်။ လေဖြတ်တော့မယ် ဆိုရင် ခန္ဓါကိုယ်မှာ လက္ခဏာတွေ ပြလာတတ်ပါတယ်။

ဦးနှောက်သွေးကြောပေါက်လို့ လေဖြတ်ခြင်းနဲ့ ဦးနှောက်သွေးကြောအတွင်း သွေးခဲလို့ လေဖြတ်ခြင်းဆိုပြီး ဆရာဝန်တွေက လေဖြတ်ရောဂါကို နှစ်မျိုးခွဲပြပါတယ်။


ဦးနှောက်သွေးကြောအတွင်း သွေးခဲလို့ လေဖြတ်ခြင်းဟာ ရောဂါလက္ခဏာ ထင်ထင်ရှားရှားမပြလို့ လွယ်လွယ်နဲ့ သတိမထားမိကြပါဘူး။ ကိန်းဂဏန်းတွေအရ လေဖြတ်သူ ၈၀% ဟာ ဦးနှောက်သွေးကြောအတွင်း သွေးခဲလို့လေဖြတ်တာ ဖြစ်ပါတယ်။

ဦးနှောက်သွေးကြောအတွင်း သွေးခဲလို့ လေဖြတ်တဲ့လူနာ ၃၇% ဟာ သေဆုံးပြီး ၃၁% က အရေးပေါ်ကုသမှုကို ချက်ချင်း လိုအပ်ပါတယ်။၂၀% ကတော့ အကူအညီမပါဘဲ လမ်းမလျှောက် နိုင်ကြတော့ပါဘူး။


ဦးနှောက်သွေးကြောအတွင်း သွေးခဲလို့ လေဖြတ်ခြင်းဟာ သွေးအလွန်တိုးပြီး ခေါင်းကိုက်လာပါတယ်။ လေဖြတ်နေစဉ်မှာ လက်တစ်ဖက်နဲ့ခြေတစ်ဖက်က လှုပ်မရတော့ပါဘူး။ နားလည်း မကြားနိုင်တော့သလို စကားလည်း မပြောနိုင်တော့ပါဘူး။

တချို့တွေမှာတော့ စိတ်အာရုံချောက်ချားပြီး ထင်ယောင်ထင်မှားတွေ ဖြစ်လာတတ်ပါတယ်။ တစ်ခါတရံမှာ သွေးတွေက ဘေးပတ်လည်က သွေးပြန်ကြောနဲ့ သွေးလွှတ်ကြောတွေဆီ စီးဆင်းသွားပါတယ်။ အဲဒီအခါ သွေးကြောတွေကြီးလာပြီး ခေါင်းကိုက်လာပါတယ်။ ဒါပေမယ့် အာရုံကြောအဖွဲ့အစည်းက ပြန်ကောင်းလာဖို့ အချိန်များစွာ ယူရပါတယ်။


တစ်ခါတလေမှာတော့ အာရုံကြော အဖွဲ့အစည်းရဲ့ လုပ်ငန်းတွေက လုံးဝ ပျောက်သွားတတ်ပါတယ်။ မပြင်းထန်တဲ့လေဖြတ်ခြင်းမှာ မနေ့က အဖြစ်အပျက်တွေ၊ လွန်ခဲ့တဲ့ဆယ်နှစ်က အဖြစ်အပျက်တွေ မေ့ကောင်းမေ့နိူင်ပါတယ်။ ပြင်းထန်တဲ့ လေဖြတ်ခြင်းတွေမှာတော့ မစားနိုင်၊ မလှုပ်နိုင်၊ ဘာကိုမှ မမှတ်မိနိုင်တော့ပါဘူး။

ဦးနှောက်သွေးကြောအတွင်း သွေးခဲလို့ လေဖြတ်ခြင်းရဲ့ လက္ခဏာများ


-မျက်နှာက ရုတ်တရက် ထုံလာခြင်း၊ အထူးသဖြင့် ခြေနှင့်လက်များ ထုံလာခြင်း
-စကားမပြောနိုင်ခြင်း
-အမြင်အာရုံနှင့်ပတ်သက်ပြီး အဆင်မပြေဖြစ်လာခြင်း
-လမ်းလျှောက်ရာတွင် ခက်ခဲလာခြင်း၊ မူးဝေလာခြင်း၊ ခန္ဓါကိုယ်ဟန်ချက် မညီခြင်း
-ရုတ်တရက် အပြင်းအထန် ခေါင်းကိုက်လာခြင်း


လေဖြတ်ခြင်း နှစ်မျိုးမှာလည်း ရောဂါလက္ခဏာတွေက ကွဲပြားနိုင်ပါတယ်။ လေဖြတ်ခြင်းကို ကုသမှုလွဲမှားရင် လူနာက သေနိုင်ပါတယ်။ အဲဒါကြောင့် လေဖြတ်တော့မယ့် လက္ခဏာတွေ ပြလာရင် ဆရာဝန်နဲ့ အမြန်ပြဖို့ အလွန့်အလွန် အရေးကြီးပါတယ်။

Zombie(LoveMedia)

Post a comment

0 Comments