သခင်ရဲ့နားကြပ်ကို ဖျက်ဆီးမိလို့ မြွေအစားထိုးယူလာပေးတဲ့ ကြောင်လေး


သခင်ရဲ့နားကြပ်ကို ဖျက်ဆီးလိုက်ပြီး တောင်းပန်တဲ့အနေနဲ့ မြွေယူလာပေးတဲ့ကြောင်လေး

ကြောင်တွေက တစ်ခါတစ်လေမှာ ချစ်စရာ ကောင်းပေမယ့် တစ်ခါတစ်လေ ကျတော့လည်း ဘယ်လိုမှန်းကို မသိအောင် နားလည်ရ ခက်ပါတယ်။ သူတို့ရဲ့ ချစ်စရာကောင်းတဲ့ အပြုအမှုလေးတွေကို မချစ်ဘဲလည်း မနေနိုင်ပါဘူး။ ကြောင်လေးတွေရဲ့ တစ်မူထူးခြားတဲ့ အပြုအမှုလေးတွေက လူတွေကို အံ့အားသင့်စေပါတယ်။ ကြောင်လေးတွေဟာ သူတို့တတ်နိုင်တဲ့ နည်းလမ်းလေးတွေနဲ့ လူတွေကိုလည်း ပျော်ရွှင်စေပါတယ်။


မကြာသေးခင်က ကြောင်ပိုင်ရှင် တစ်ယောက်က သူ့ရဲ့ချစ်စရာကောင်းတဲ့ ကြောင်လေးအကြောင်းကို Facebook မှာ တင်ခဲ့ပါတယ်။ အင်ဒိုနီးရှားနိုင်ငံက Haryanto Phrewhirra Ramadhani ဆိုသူဟာ သူ့ကြောင်လေးရဲ့ နောက်တီးနောက်တောက် ဓာတ်ပုံလေးနှစ်ပုံကို Facebook က Kami Pecinta Kuacin Group မှာ ဧပြီ ၃၀ ရက်နေ့က တင်ခဲ့ပါတယ်။ သူတင်ခဲ့တဲ့ ဓာတ်ပုံကို Facebook မှာ Share သူပေါင်း ၆၆၀၀ ရှိခဲ့ပါတယ်။


ကြောင်လေးက Haryanto ရဲ့ နားကြပ်လေးကို နှစ်ပိုင်းပြတ်အောင် ကိုက်လိုက်ကြောင်း၊ ကြောင်လေးကို ဆူလိုက်တဲ့အတွက် ကြောင်လေးက အိမ်မှထွက်သွားကြောင်း၊ တစ်နာရီ အကြာမှာ ကြောင်လေး ပြန်ရောက်လာကြောင်း၊ ကြောင်လေးက သခင့်အတွက် လက်ဆောင်တစ်ခု ပါလာကြောင်း Facebook မှာ တင်ခဲ့ပါတယ်။ ကြောင်လေးက သခင်အတွက် ဘာလက်ဆောင် ယူလာတယ်လို့ ထင်ပါသလဲ ?? ။


သခင်ကို တောင်းပန်ချင်နေတဲ့ ကြောင်လေးက သခင့်အတွက် မြွေပေါက်စလေး တစ်ကောင်ကို ယူလာခဲ့ပေး ပါတယ်။ မြွေပေါက်စလေးဟာ ကြောင်လေးကနေ သခင့်ကို တောင်းပန်တဲ့ လက်ဆောင်လေးပါပဲ။ ပျက်သွားတဲ့ နားကြပ်ကြိုးနေရာမှာ အစားထိုးဖို့ ကြောင်လေးကို ယူလာခဲ့တာပါ။ ကြောင်လေးက မြွေကို ကြိုးနဲ့ တူတယ်လို့ ထင်သွားပုံ ရပါတယ်။ အင်တာနက် အသုံးပြုသူတွေက ကြောင်လေးရဲ့ ဉာဏ်ကောင်းမှုကို ချီးကျူးကြပါတယ်။


Haryanto က ကြောင်လေးရဲ့ တောင်းပန်မှုကို လက်ခံပြီး ခွှင့်လွှတ်ပေးခဲ့ ပါတယ်။ Haryanto က နားကြပ်တစ်ခုကို ထပ်ဝယ်ခဲ့ပေမယ့် အဆော့သန်တဲ့ ကြောင်လေးက နားကြပ်ကို ထပ်ပြီးတော့ ကိုက်လိုက်ပါတယ်။ ဒီတစ်ခါတော့ ကြောင်လေးကHaryanto က ကြောင်လေးကိုမဆူရဲတော့ ပါဘူး။ ကြောင်လေးက သခင်ကို တောင်းပန်တဲ့အနေနဲ့ နောက်ထပ်မြွေတစ်ကောင် ထပ်ယူလာမှာ စိုးလို့ပါ။

Zombie(LoveMedia)
Ref - worldofbuzz
==============
For Zawgyi

သခင္ရဲ႕နားၾကပ္ကို ဖ်က္ဆီးမိလို႔ ေျမြအစားထုိးယူလာေပးတဲ့ ေၾကာင္ေလး

ေၾကာင္ေတြက တစ္ခါတစ္ေလမွာ ခ်စ္စရာေကာင္းေပမယ့္ တစ္ခါတစ္ေလ က်ေတာ့လည္း ဘယ္လိုမွန္းကို မသိေအာင္ နားလည္ရ ခက္ပါတယ္။ သူတို႔ရဲ႕ ခ်စ္စရာေကာင္းတဲ့ အျပဳအမႈေလးေတြကို မခ်စ္ဘဲလည္း မေနႏိုင္ပါဘူး။ ေၾကာင္ေလးေတြရဲ႕ တစ္မူထူးျခားတဲ့ အျပဳအမႈေလးေတြက လူေတြကို အံ့အားသင့္ေစပါတယ္။ ေၾကာင္ေလးေတြဟာ သူတို႔တတ္ႏိုင္တဲ့ နည္းလမ္းေလးေတြနဲ႔ လူေတြကိုလည္း ေပ်ာ္႐ႊင္ေစပါတယ္။

မၾကာေသးခင္က ေၾကာင္ပိုင္ရွင္ တစ္ေယာက္က သူ႔ရဲ႕ခ်စ္စရာေကာင္းတဲ့ ေၾကာင္ေလးအေၾကာင္းကို Facebook မွာ တင္ခဲ့ပါတယ္။ အင္ဒိုနီးရွားႏိုင္ငံက Haryanto Phrewhirra Ramadhani ဆိုသူဟာ သူ႔ေၾကာင္ေလးရဲ႕ ေနာက္တီးေနာက္ေတာက္ ဓာတ္ပုံေလးႏွစ္ပုံကို Facebook က Kami Pecinta Kuacin Group မွာ ဧၿပီ ၃၀ ရက္ေန႔က တင္ခဲ့ပါတယ္။ သူတင္ခဲ့တဲ့ ဓာတ္ပုံကို Facebook မွာ Share သူေပါင္း ၆၆၀၀ ရွိခဲ့ပါတယ္။

ေၾကာင္ေလးက Haryanto ရဲ႕ နားၾကပ္ေလးကို ႏွစ္ပိုင္းျပတ္ေအာင္ ကိုက္လိုက္ေၾကာင္း၊ ေၾကာင္ေလးကို ဆူလိုက္တဲ့အတြက္ ေၾကာင္ေလးက အိမ္မွထြက္သြားေၾကာင္း၊ တစ္နာရီ အၾကာမွာ ေၾကာင္ေလး ျပန္ေရာက္လာေၾကာင္း၊ ေၾကာင္ေလးက သခင့္အတြက္ လက္ေဆာင္တစ္ခု ပါလာေၾကာင္း Facebook မွာ တင္ခဲ့ပါတယ္။ ေၾကာင္ေလးက သခင္အတြက္ ဘာလက္ေဆာင္ ယူလာတယ္လို႔ ထင္ပါသလဲ ?? ။

သခင္ကို ေတာင္းပန္ခ်င္ေနတဲ့ ေၾကာင္ေလးက သခင့္အတြက္ ေႁမြေပါက္စေလး တစ္ေကာင္ကို ယူလာခဲ့ေပး ပါတယ္။ ေႁမြေပါက္စေလးဟာ ေၾကာင္ေလးကေန သခင့္ကို ေတာင္းပန္တဲ့ လက္ေဆာင္ေလးပါပဲ။ ပ်က္သြားတဲ့ နားၾကပ္ႀကိဳးေနရာမွာ အစားထိုးဖို႔ ေၾကာင္ေလးကို ယူလာခဲ့တာပါ။ ေၾကာင္ေလးက ေႁမြကို ႀကိဳးနဲ႔ တူတယ္လို႔ ထင္သြားပုံ ရပါတယ္။ အင္တာနက္ အသုံးျပဳသူေတြက ေၾကာင္ေလးရဲ႕ ဉာဏ္ေကာင္းမႈကို ခ်ီးက်ဴးၾကပါတယ္။

Haryanto က ေၾကာင္ေလးရဲ႕ ေတာင္းပန္မႈကို လက္ခံၿပီး ခႊင့္လႊတ္ေပးခဲ့ ပါတယ္။ Haryanto က နားၾကပ္တစ္ခုကို ထပ္ဝယ္ခဲ့ေပမယ့္ အေဆာ့သန္တဲ့ ေၾကာင္ေလးက နားၾကပ္ကို ထပ္ၿပီးေတာ့ ကိုက္လိုက္ပါတယ္။ ဒီတစ္ခါေတာ့ ေၾကာင္ေလးကHaryanto က ေၾကာင္ေလးကိုမဆူရဲေတာ့ ပါဘူး။ ေၾကာင္ေလးက သခင္ကို ေတာင္းပန္တဲ့အေနနဲ႔ ေနာက္ထပ္ေႁမြတစ္ေကာင္ ထပ္ယူလာမွာ စိုးလို႔ပါ။

Zombie(LoveMedia)
Ref - worldofbuzz

Post a comment

0 Comments