လက်ထပ်ပြီး ၆ လ အကြာမှ ခင်ပွန်းက ဂေးဖြစ်နေတာ သိလိုက်ရလို့ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားတဲ့ အမျိုးသမီး


အသက် ၃၁ နှစ်အရွယ် အမျိုးသမီး တစ်ယောက်ဟာ ခင်ပွန်းဖြစ်သူက လိင်တူဆက်ဆံသူ တစ်ယောက်ဖြစ်နေကြောင်း သိသွားပြီးတဲ့ အခါမှာတော့ ကိုယ့်ကိုယ်ကို သတ်သေခဲ့ပါတယ် ။ တရုတ်နိုင်ငံ၊ Chongqing မြို့မှာ နေထိုင်တဲ့ အဲဒီအမျိုးသမီးဟာ ဆရာဝန်တစ်ယောက်ဖြစ်ပြီး မိဘတွေ ဂုဏ်ယူရတဲ့သမီးတစ်ယောက်လည်း ဖြစ်ပါတယ်။

ဘွဲ့ရပြီးနောက်မှာတော့ အမျိုးသားတစ်ယောက်နဲ့ ဆုံတွေ့ခဲ့ပြီး တစ်ယောက်ကို တစ်ယောက် အလွန်ကို ချစ်သွားကြပါတယ်။ ငါးလအကြာမှာတော့ သူတို့နှစ်ဦး လက်ထပ်လိုက်ကြပါတယ်။ အစပိုင်းမှာတော့ သူတို့နှစ်ဦးက အလွန်ကို ချစ်ကြပါတယ်။ ဒါပေမယ့် လက်ထပ်ပြီးသိပ်မကြာခင်မှာ သူမရဲ့ခင်ပွန်းက သူမနဲ့ အိပ်ရာ ခွဲအိပ်ဖို့ တောင်းဆိုလာပါတယ်။

ခင်ပွန်းဖြစ်သူရဲ့ ထူးဆန်းတဲ့တောင်းဆိုမှုကြောင့် အဲဒီအမျိုးသမီးက ကိုယ့်ကိုယ်ကိုယ် ဇနီးသည်ကောင်း မပီသဘူးလို့ ထင်လိုက်မိတာပါ။ အင်တာနက်က အကူအညီကို ရယူလိုက်တဲ့အခါ တချို့က သူမရဲ့ခင်ပွန်းဟာ လိင်တူဆက်ဆံသူ ဖြစ်နိုင်ကြောင်း ပြောပြကြပါတယ်။ သူမက ခင်ပွန်းဖြစ်သူကို မေးမြန်းကြည့်တဲ့အခါမှာတော့ ခင်ပွန်းဖြစ်သူက လိင်တူလိင်ကွဲ နှစ်မျိုးလုံးကို စိတ်ဝင်စားသူဖြစ်ကြောင်း နောက်ဆုံးမှာ ဝန်ခံလိုက်ပါတယ်။


အဲဒီအချိန်မှာ အဲဒီအမျိုးသားက သူမကို တကယ်ချစ်လို့ လက်ထပ်ခဲ့တာဖြစ်ကြောင်း၊ သူ့ကို ခွင့်လွှတ်ပေးစေလိုကြောင်း ပြောပြီး ငိုချလိုက်ပါတယ်။ ခင်ပွန်းဖြစ်သူ ဝမ်းနည်းနေတာကို တွေ့လိုက်ရတော့ အမျိုးသမီးကလည်း ခွင့်လွှတ်ပေးခဲ့ပါတယ်။ ဒါပေမယ့်  ခင်ပွန်းဖြစ်သူရဲ့ဖုန်းကို တခြားအမျိုးသားတစ်ယောက်က ပို့လာတဲ့ message တစ်စောင်ကြောင့် သူမအတော် ထိတ်လန့်သွားခဲ့ပါတယ်။

ထပ်မေးလိုက်တဲ့ အခါမှာတော့ ခင်ပွန်းဖြစ်သူဟာ လိင်တူကိုသာ စိတ်ဝင်စားသူဖြစ်ကြောင်း သိလိုက်ရပါတော့တယ်။ စိတ်ထိခိုက်သွားတဲ့ အမျိုးသမီးက အဲဒီညမှာပဲ ကွာရှင်းဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒါပေမယ့် မကွာရှင်းရသေးခင်မှာပဲ အဲဒီအမျိုးသမီးက တိုက်ပေါ်က ခုန်ချပြီး သတ်သေသွားခဲ့ ပါတော့တယ်။

အမျိုးသမီးရဲ့မိဘတွေက သူတို့သမီး သေဆုံးရတာ သမက်ဖြစ်သူရဲ့ ပယောဂမကင်းကြောင်း သိကြပါတယ်။ သူမက ခင်ပွန်းဖြစ်သူရဲ့အကြောင်းကို မိဘတွေကိုလည်း ပြောပြထားခဲ့ပါတယ်။ အဲဒါကြောင့် သူမရဲ့မိဘတွေက သမက်ကို တရားစွဲဖို့ ဆုံးဖြတ်လိုက်ပါတယ်။


တရားလိုရှေ့နေက သူမ ကွယ်လွန်ချိန်မှာ အသက် ၃၁ နှစ်သာ ရှိသေးကြောင်း၊ လက်ထပ်ထားတာလည်း ခြောက်လသာရှိသေးကြောင်း၊ ခင်ပွန်းဖြစ်သူဟာ လိင်တူစိတ်ဝင်စားတာကို ဖုံးကွယ်ပြီး သူမကို လိမ်လည်လက်ထပ်ခဲ့ကြောင်း၊ အဲဒီလိုလိမ်လည်လက်ထပ်ခဲ့ခြင်းက သူမအတွက် ကိုယ့်ကိုယ်ကိုယ်သတ်သေဖို့ အကြောင်းအရင်းဖြစ်သွားစေကြောင်း ပြောဆိုပါတယ်။

အဲဒီနောက် တရားလိုရှေ့နေက ခင်ပွန်းဖြစ်သူကို အမျိုးသမီးသေဆုံးမှုအတွက် လျော်ကြေးအဖြစ် ယွမ် ၆၃၀၀၀၀ ပေးဆောင်ဖို့ ပြောလိုက်ပါတယ်။ ဒီကိစ္စက အတော်ကို စိတ်မကောင်းစရာဖြစ်တဲ့ အတွက် လက်မထပ်ခင်မှာ တစ်ယောက်အကြောင်း တစ်ယောက် သိအောင် လေ့လာသင့်ပါတယ်နော်။

Zombie (LoveMedia)
Ref - Worldofbuzz
===================
For Zawgyi

လက္ထပ္ၿပီး ၆ လ အၾကာမွ ခင္ပြန္းက ေဂးျဖစ္ေနတာ သိလိုက္ရလို႔ ကိုယ့္ကိုယ္ကိုယ္ သတ္ေသသြားတဲ့ အမ်ိဳးသမီး

အသက္ ၃၁ ႏွစ္အ႐ြယ္ အမ်ိဳးသမီး တစ္ေယာက္ဟာ ခင္ပြန္းျဖစ္သူက လိင္တူဆက္ဆံသူ တစ္ေယာက္ျဖစ္ေနေၾကာင္း သိသြားၿပီးတဲ့ အခါမွာေတာ့ ကိုယ့္ကိုယ္ကို သတ္ေသခဲ့ပါတယ္ ။ တ႐ုတ္ႏိုင္ငံ၊ Chongqing ၿမိဳ႕မွာ ေနထိုင္တဲ့ အဲဒီအမ်ိဳးသမီးဟာ ဆရာဝန္တစ္ေယာက္ျဖစ္ၿပီး မိဘေတြ ဂုဏ္ယူရတဲ့သမီးတစ္ေယာက္လည္း ျဖစ္ပါတယ္။

ဘြဲ႕ရၿပီးေနာက္မွာေတာ့ အမ်ိဳးသားတစ္ေယာက္နဲ႔ ဆုံေတြ႕ခဲ့ၿပီး တစ္ေယာက္ကို တစ္ေယာက္ အလြန္ကို ခ်စ္သြားၾကပါတယ္။ ငါးလအၾကာမွာေတာ့ သူတို႔ႏွစ္ဦး လက္ထပ္လိုက္ၾကပါတယ္။ အစပိုင္းမွာေတာ့ သူတို႔ႏွစ္ဦးက အလြန္ကို ခ်စ္ၾကပါတယ္။ ဒါေပမယ့္ လက္ထပ္ၿပီးသိပ္မၾကာခင္မွာ သူမရဲ႕ခင္ပြန္းက သူမနဲ႔ အိပ္ရာ ခြဲအိပ္ဖို႔ ေတာင္းဆိုလာပါတယ္။

ခင္ပြန္းျဖစ္သူရဲ႕ ထူးဆန္းတဲ့ေတာင္းဆိုမႈေၾကာင့္ အဲဒီအမ်ိဳးသမီးက ကိုယ့္ကိုယ္ကိုယ္ ဇနီးသည္ေကာင္း မပီသဘူးလို႔ ထင္လိုက္မိတာပါ။ အင္တာနက္က အကူအညီကို ရယူလိုက္တဲ့အခါ တခ်ိဳ႕က သူမရဲ႕ခင္ပြန္းဟာ လိင္တူဆက္ဆံသူ ျဖစ္ႏိုင္ေၾကာင္း ေျပာျပၾကပါတယ္။ သူမက ခင္ပြန္းျဖစ္သူကို ေမးျမန္းၾကည့္တဲ့အခါမွာေတာ့ ခင္ပြန္းျဖစ္သူက လိင္တူလိင္ကြဲ ႏွစ္မ်ိဳးလုံးကို စိတ္ဝင္စားသူျဖစ္ေၾကာင္း ေနာက္ဆုံးမွာ ဝန္ခံလိုက္ပါတယ္။

အဲဒီအခ်ိန္မွာ အဲဒီအမ်ိဳးသားက သူမကို တကယ္ခ်စ္လို႔ လက္ထပ္ခဲ့တာျဖစ္ေၾကာင္း၊ သူ႔ကို ခြင့္လႊတ္ေပးေစလိုေၾကာင္း ေျပာၿပီး ငိုခ်လိုက္ပါတယ္။ ခင္ပြန္းျဖစ္သူ ဝမ္းနည္းေနတာကို ေတြ႕လိုက္ရေတာ့ အမ်ိဳးသမီးကလည္း ခြင့္လႊတ္ေပးခဲ့ပါတယ္။ ဒါေပမယ့္  ခင္ပြန္းျဖစ္သူရဲ႕ဖုန္းကို တျခားအမ်ိဳးသားတစ္ေယာက္က ပို႔လာတဲ့ message တစ္ေစာင္ေၾကာင့္ သူမအေတာ္ ထိတ္လန႔္သြားခဲ့ပါတယ္။

ထပ္ေမးလိုက္တဲ့ အခါမွာေတာ့ ခင္ပြန္းျဖစ္သူဟာ လိင္တူကိုသာ စိတ္ဝင္စားသူျဖစ္ေၾကာင္း သိလိုက္ရပါေတာ့တယ္။ စိတ္ထိခိုက္သြားတဲ့ အမ်ိဳးသမီးက အဲဒီညမွာပဲ ကြာရွင္းဖို႔ ဆုံးျဖတ္လိုက္ပါတယ္။ ဒါေပမယ့္ မကြာရွင္းရေသးခင္မွာပဲ အဲဒီအမ်ိဳးသမီးက တိုက္ေပၚက ခုန္ခ်ၿပီး သတ္ေသသြားခဲ့ ပါေတာ့တယ္။

အမ်ိဳးသမီးရဲ႕မိဘေတြက သူတို႔သမီး ေသဆုံးရတာ သမက္ျဖစ္သူရဲ႕ ပေယာဂမကင္းေၾကာင္း သိၾကပါတယ္။ သူမက ခင္ပြန္းျဖစ္သူရဲ႕အေၾကာင္းကို မိဘေတြကိုလည္း ေျပာျပထားခဲ့ပါတယ္။ အဲဒါေၾကာင့္ သူမရဲ႕မိဘေတြက သမက္ကို တရားစြဲဖို႔ ဆုံးျဖတ္လိုက္ပါတယ္။

တရားလိုေရွ႕ေနက သူမ ကြယ္လြန္ခ်ိန္မွာ အသက္ ၃၁ ႏွစ္သာ ရွိေသးေၾကာင္း၊ လက္ထပ္ထားတာလည္း ေျခာက္လသာရွိေသးေၾကာင္း၊ ခင္ပြန္းျဖစ္သူဟာ လိင္တူစိတ္ဝင္စားတာကို ဖုံးကြယ္ၿပီး သူမကို လိမ္လည္လက္ထပ္ခဲ့ေၾကာင္း၊ အဲဒီလိုလိမ္လည္လက္ထပ္ခဲ့ျခင္းက သူမအတြက္ ကိုယ့္ကိုယ္ကိုယ္သတ္ေသဖို႔ အေၾကာင္းအရင္းျဖစ္သြားေစေၾကာင္း ေျပာဆိုပါတယ္။

အဲဒီေနာက္ တရားလိုေရွ႕ေနက ခင္ပြန္းျဖစ္သူကို အမ်ိဳးသမီးေသဆုံးမႈအတြက္ ေလ်ာ္ေၾကးအျဖစ္ ယြမ္ ၆၃၀၀၀၀ ေပးေဆာင္ဖို႔ ေျပာလိုက္ပါတယ္။ ဒီကိစၥက အေတာ္ကို စိတ္မေကာင္းစရာျဖစ္တဲ့ အတြက္ လက္မထပ္ခင္မွာ တစ္ေယာက္အေၾကာင္း တစ္ေယာက္ သိေအာင္ ေလ့လာသင့္ပါတယ္ေနာ္။

Zombie (LoveMedia)
Ref - Worldofbuzz

Post a comment

0 Comments