ချစ်သူရည်းစားအဖြစ် လုံးဝမတွဲသင့်တဲ့ ယောက်ျားညံ့ (၉)မျိုး


အိမ်ထောင်မှု ဘုရားတည် ဆေးမင်ရည် စုတ်ထိုး ဤသုံးမျိုးချက်မပိုင် နောင်ပြင်ရန်ခက်တဲ့အမျိုးလို့ ရှေးဆိုရိုးစကား ရှိထားခဲ့ပါတယ်။ ယောကျ်ားကောင်းတစ်ယောက်ကို ရရှိထားတဲ့ မိန်းကလေးအတွက်တော့ မဟာဆုလာဒ်ကြီးတစ်ခုဖြစ်ပေမယ့်.. ယောကျ်ားညံ့ ယောကျ်ားဆိုးကို ရရှိထားတဲ့ မိန်းကလေးများကတော့ လင်ဆိုးမယား တဖားဖား ဖြစ်ကြရပါတယ်..

ဒါကြောင့် မိမိအိမ်ထောင်ဖက်ဖြစ်မယ့်သူဟာ လူကောင်းလား လူဆိုးလားဆိုတာကို မသိသေးခင်မှာ ချစ်သူရည်းစားအဖြစ်နဲ့ တွဲဖို့တောင် သေချာစဉ်းစားသင့်ပါတယ်..

၁။ မိန်းကလေးတစ်ယောက်ကို ချစ်တယ်ပြောပြီး နောက်ကွယ်ကျ ဖောက်ပြန်တတ်တဲ့ ယောက်ျား


အပြောချိုချိုနဲ့ သင့်ကို ချစ်တယ်လို့ ပြောပီးတော့ သင့်ကွယ်ရာကျ တိတ်တိတ်ပုန်းဖောက်ပြန်နေတတ်တဲ့ ယောက်ျားမျိုးကို စိတ်ကူးထဲတောင် မထည့်သင့်ပါဘူး။ ဒီလိုယောကျ်ားတွေဟာ ပေါ့ပေါ့နေပေါ့ပေါ့စား အိုင်တွေ့ရင်သေးပေါက်မယ်ဆိုတဲ့ အတန်းစားမျိုးတွေ ဖြစ်တာကြောင့် နောင်တချိန်မှာ သင့်အနေနဲ့ နောင်တအကြီးကြီး ရသွားနိုင်ပါတယ်။ ဖောက်ပြန်တတ်တဲ့ယောကျ်ားမျိုးသာ သင့်ချစ်သူဖြစ်ခဲ့ရင်တော့ မျိုးတုန်းအောင်လုပ်လိုက်တာကသာ သင့်အတွက် အကောင်းဆုံးဖြစ်မှာပါ။

၂ ။ တာဝန်ယူချင်စိတ်မရှိသော ယောက်ျား


အပျော်လာတွဲတဲ့ ယောကျ်ားမျိုးဆိုရင်တော့ စောစောစီးစီး ရှောင်ထားတာ ကောင်းပါတယ်။ သင့်ဆီကနေ လိုချင်တာရှိလို့သာ သင့်အနားကိုကပ်လာတာဖြစ်ပီး သူလိုချင်တာရသွားရင်တော့ သင့်ကိုပစ်ချထားခဲ့မှာ အသေအချာပါပဲ။ ဒီလိုယောကျ်ားမျိုးတွေဟာ စကားပြောကောင်းပီး ဟန်ဆောင်လည်း ကောင်းတတ်တာကြောင့် သင့်အနေနဲ့ သတိထားပီး စောင့်ကြည့်ဖို့တော့ လိုပါတယ်။ မဟုတ်ရင်တော့ အပိုလက်ဆောင်လေးကိုပိုက်ပီး သင်ဒူးနဲ့မျက်ရည် သုတ်နေရပါလိမ့်မယ်။

၃။ မိန်းကလေးတစ်ယောက်ရဲ့ အရှက်နဲ့သိက္ခာကိုမငဲ့ဘဲ ယုတ်ညံ့စွာဆဲဆိုတတ်သော ယောက်ျား


လူကြားထဲမရှောင် သင့်ကို ဆဲဆိုအော်ဟစ်တတ်တဲ့ ယောကျ်ားမျိုးကိုတော့ ခေါင်းထဲက ထုတ်ထားသင့်ပါတယ်။ ဒီလိုလူမျိုးကို ချစ်သူရည်းစားအဖြစ် တွဲခဲ့မယ်ဆိုရင်တော့ သင့်သိက္ခာတွေလည်း တပြားမှရှိတော့မှာ မဟုတ်ပါဘူး။ ရိုင်းစိုင်းတဲ့စကားလုံးတွေကိုလည်း နေ့စဉ်ကြားနေရပါလိမ့်မယ်။ သူနဲ့အပြိုင် ဆဲဆိုအော်ဟစ်နေမယ်ဆိုရင်တော့ သင်ဟာ မိန်းမကြမ်းကြီးတစ်ယောက် ဖြစ်သွားမှာ အသေအချာပါပဲ။

၄။ သူစိတ်ပျော်နေချိန်ဆို သင့်ကို ရှိတယ်လို့တောင် မထင်တဲ့ယောက်ျား


သူပျင်းနေမှ သင့်ဆီကိုဖုန်းဆက်ဖို့ သတိရတတ်ပါတယ်။ ကျန်တဲ့အချိန်တွေမှာ သင့်ကို နည်းနည်းလေးမှ အဖတ်တောင်လုပ်မှာမဟုတ်ပါဘူး။ အပေါင်းအသင်းတွေနဲ့ အသောက်အစားအပျော်အပါး မက်နေတတ်ပီး game ဒါမှမဟုတ် ဆေးဆွဲနေတဲ့သူမျိုးတွေကိုလည်း ဝေါင်ဝေါင်ရှေးသင့်ပါတယ်။ သင်တွဲမိခဲ့ရင်တော့ သင့်မှာချစ်သူရည်းစားရှိနေပေမယ့် fa တစ်ယောက်လိုမျိုး သင့်နေနဲ့ခံစားနေရမှာ အသေချာပါပဲ။

၅။ မိန်းကလေးတစ်ယောက်ကို ပျော်တော်ဆက်တစ်ယောက်လို သဘောထားတတ်သော ယောက်ျား


fifty shady gray ဆိုတဲ့ ဇာတ်ကားကို သင်ကြည့်ဖူးမယ်လို့ ထင်ပါတယ်။ ဒီလိုပဲ သင့်ကို ပျော်တော်ဆက်တစ်ယောက်လို ဆက်ဆံတတ်တဲ့ ယောက်ျားမျိုးကိုတော့ သင်စိတ်မကူးသင့်ပါဘူးနော်။ သင့်အတွက် အရမ်းအရမ်းကို အန္တရာယ်များပါတယ်။ တချို့မိန်းကလေးတွေကတော့ ဒီလိုယောက်ျားမျိုးတွေကို ထူးထူးဆန်းဆန်း စိတ်ဝင်စားတတ်ကြပါတယ်။ ဒါပေမယ့် ရေရှည်မှာတော့ စိတ်ကုန်စိတ်နာသွားနိုင်တာမို့ အစထဲက အခွင့်အရေးမပေးထားတာ အကောင်းဆုံးပါပဲနော်။

video ကြည့်ရန်



၆။ မိန်းကလေးတစ်ယောက်ကို ရန်ဖြစ်တဲ့အခါ လက်ပါတတ်သော ယောက်ျား


ဒီလိုယောကျ်ားမျိုးကိုတော့ မိန်းကလေးတွေ ကြိုက်နှစ်သက်ကြလိမ့်မယ်လို့ မထင်ပါဘူး။ နှစ်ဦးသား သဘောထားမတိုက်ဆိုင်လို့ ရန်ဖြစ်ကြတဲ့အခါ ရိုက်မယ်နှက်မယ်ဆိုတဲ့ အပြုအမူကတော့ လူမိုက်ဆန်ဆန် အပြုအမူပါပဲ။ ဒီလို ခဏခဏအရိုက်နှက်ခံရတဲ့ မိန်းကလေးဟာ ကြာလာတဲ့အခါ စိတ်ဒဏ်ရာရသွားနိုင်ပါတယ်။ ဒါကြောင့် သင့်ချစ်သူက ခဏခဏ လက်ပါလာခဲ့မယ်ဆိုရင်တော့ ပြန်စဉ်းစားဖို့ အကြံပေးပါရစေ။

၇။ ကတိမတည်သော ယောက်ျား


သင့်ဆီက အဖြေမရခင်ကတော့ ကတိမျိုးစုံပေးပီး သင့်ရဲ့အချစ်ကို ရယူပါလိမ့်မယ်။ ဒါပေမယ့် သင်နဲ့ချစ်သူရည်းစားဖြစ်သွားတဲ့အခါ ပေးထားတဲ့ကတိတွေ တခုချင်းချိုးဖျက်တတ်တဲ့ ယောက်ျားမျိုးကလည်း ကောင်းတဲ့ယောက်ျားထဲတော့ မပါဝင်ပါဘူး။ ကတိကိုလွယ်လွယ်ပေးပီး မတည်တတ်တဲ့သူမျိုးဟာ မကြာခဏဆိုသလို သင့်စိတ်ကို ဒဏ်ရာရစေမှာ အမှန်ပါပဲ။

၈။ ဘဝအိပ်မက်နှင့် ရည်မှန်းချက်မရှိသော ယောက်ျား


မိမိလိုချင်တဲ့ ရည်မှန်းချက်ကို ဖြစ်အောင်လုပ်ဖို့ ကြိုးစားနေသူတွေ အများအပြား သင်တွေ့ရပါလိမ့်မယ်။ ရည်မှန်းထားတဲ့အတိုင်း ရောက်ရှိခဲ့ကြတဲ့သူတွေရှိသလို ရည်မှန်းချက်မပြည့်သေးပေမယ့် ဇွဲမလျှော့ပဲ ရုန်းကန်နေသူတွေအတွက်တော့ ကြိုးစားမှုကို အသိအမှတ်ပြုကြရမှာပါ။ တကယ်လို့သာ သင့်ချစ်သူဟာ ဘဝရည်မှန်းချက် လုံးဝမရှိပဲနဲ့ ပေါ့ပေါ့နေပေါ့ပေါ့စား နေထိုင်သူတစ်ယောက်ဖြစ်ခဲ့ရင်တော့ သင့်ဘဝရှေ့ရေးအတွက် ရင်လေးစရာပါပဲ။ အနာဂတ်ကို သူနဲ့လက်တွဲသွားဖို့ ဆုံးဖြတ်ထားရင်တော့ ပြန်ပီးစဉ်းစားလိုက်ပါအုံး။

၉။ ပြသနာတစ်ခုကို ခေါင်းရှောင်တတ်သော ယောက်ျား


ပြသနာတစ်ခုကို ကြုံတွေ့ရတဲ့အခါမှာ မိန်းကလေးထက် ယောက်ျားလေးကပိုပီး ဦးဆောင်ဦးရွက်ပြု ရင်ဆိုင်ဖြေရှင်းသင့်ပါတယ်။ ဒါမှမဟုတ်ပဲ ပြသနာကိုခေါင်းရှောင်တတ်တဲ့ ညဏ်တိမ်တဲ့ယောကျ်ားမျိုးကို ရထားရင်တော့ သင့်ဘဝဟာ ချောက်ထဲကိုကျနေသလို ခံစားရမှာ အသေအချာပါပဲ။ ဘာကိုမှ ရင်ဆိုင်မဖြေရှင်းပဲ ထွက်ပြေးဖို့သာပြင်နေတဲ့သူကြောင့် သင်သာ ပင်ပင်ပန်းပန်းနဲ့ဖြေရှင်းပီး နောက်ဆုံးမှာတော့ ပြသနာတွေကြား စုံးစုံးမြုတ်သွားပါလိမ့်မယ်။

HanteR (lovemedia)
================
For Zawgyi

ခ်စ္သူရည္းစားအျဖစ္ လုံးဝမတြဲသင့္တဲ့ ေယာက္်ားညံ့ (၉)မ်ိဳး

အိမ္ေထာင္မႈ ဘုရားတည္ ေဆးမင္ရည္ စုတ္ထိုး ဤသုံးမ်ိဳးခ်က္မပိုင္ ေနာင္ျပင္ရန္ခက္တဲ့အမ်ိဳးလို႔ ေရွးဆို႐ိုးစကား ရွိထားခဲ့ပါတယ္။ ေယာက်္ားေကာင္းတစ္ေယာက္ကို ရရွိထားတဲ့ မိန္းကေလးအတြက္ေတာ့ မဟာဆုလာဒ္ႀကီးတစ္ခုျဖစ္ေပမယ့္.. ေယာက်္ားညံ့ ေယာက်္ားဆိုးကို ရရွိထားတဲ့ မိန္းကေလးမ်ားကေတာ့ လင္ဆိုးမယား တဖားဖား ျဖစ္ၾကရပါတယ္..

ဒါေၾကာင့္ မိမိအိမ္ေထာင္ဖက္ျဖစ္မယ့္သူဟာ လူေကာင္းလား လူဆိုးလားဆိုတာကို မသိေသးခင္မွာ ခ်စ္သူရည္းစားအျဖစ္နဲ႔ တြဲဖို႔ေတာင္ ေသခ်ာစဥ္းစားသင့္ပါတယ္..

၁။ မိန္းကေလးတစ္ေယာက္ကို ခ်စ္တယ္ေျပာၿပီး ေနာက္ကြယ္က် ေဖာက္ျပန္တတ္တဲ့ ေယာက္်ား

အေျပာခ်ိဳခ်ိဳနဲ႔ သင့္ကို ခ်စ္တယ္လို႔ ေျပာပီးေတာ့ သင့္ကြယ္ရာက် တိတ္တိတ္ပုန္းေဖာက္ျပန္ေနတတ္တဲ့ ေယာက္်ားမ်ိဳးကို စိတ္ကူးထဲေတာင္ မထည့္သင့္ပါဘူး။ ဒီလိုေယာက်္ားေတြဟာ ေပါ့ေပါ့ေနေပါ့ေပါ့စား အိုင္ေတြ႕ရင္ေသးေပါက္မယ္ဆိုတဲ့ အတန္းစားမ်ိဳးေတြ ျဖစ္တာေၾကာင့္ ေနာင္တခ်ိန္မွာ သင့္အေနနဲ႔ ေနာင္တအႀကီးႀကီး ရသြားႏိုင္ပါတယ္။ ေဖာက္ျပန္တတ္တဲ့ေယာက်္ားမ်ိဳးသာ သင့္ခ်စ္သူျဖစ္ခဲ့ရင္ေတာ့ မ်ိဳးတုန္းေအာင္လုပ္လိုက္တာကသာ သင့္အတြက္ အေကာင္းဆုံးျဖစ္မွာပါ။

၂ ။ တာဝန္ယူခ်င္စိတ္မရွိေသာ ေယာက္်ား

အေပ်ာ္လာတြဲတဲ့ ေယာက်္ားမ်ိဳးဆိုရင္ေတာ့ ေစာေစာစီးစီး ေရွာင္ထားတာ ေကာင္းပါတယ္။ သင့္ဆီကေန လိုခ်င္တာရွိလို႔သာ သင့္အနားကိုကပ္လာတာျဖစ္ပီး သူလိုခ်င္တာရသြားရင္ေတာ့ သင့္ကိုပစ္ခ်ထားခဲ့မွာ အေသအခ်ာပါပဲ။ ဒီလိုေယာက်္ားမ်ိဳးေတြဟာ စကားေျပာေကာင္းပီး ဟန္ေဆာင္လည္း ေကာင္းတတ္တာေၾကာင့္ သင့္အေနနဲ႔ သတိထားပီး ေစာင့္ၾကည့္ဖို႔ေတာ့ လိုပါတယ္။ မဟုတ္ရင္ေတာ့ အပိုလက္ေဆာင္ေလးကိုပိုက္ပီး သင္ဒူးနဲ႔မ်က္ရည္ သုတ္ေနရပါလိမ့္မယ္။

၃။ မိန္းကေလးတစ္ေယာက္ရဲ႕ အရွက္နဲ႔သိကၡာကိုမငဲ့ဘဲ ယုတ္ညံ့စြာဆဲဆိုတတ္ေသာ ေယာက္်ား

လူၾကားထဲမေရွာင္ သင့္ကို ဆဲဆိုေအာ္ဟစ္တတ္တဲ့ ေယာက်္ားမ်ိဳးကိုေတာ့ ေခါင္းထဲက ထုတ္ထားသင့္ပါတယ္။ ဒီလိုလူမ်ိဳးကို ခ်စ္သူရည္းစားအျဖစ္ တြဲခဲ့မယ္ဆိုရင္ေတာ့ သင့္သိကၡာေတြလည္း တျပားမွရွိေတာ့မွာ မဟုတ္ပါဘူး။ ႐ိုင္းစိုင္းတဲ့စကားလုံးေတြကိုလည္း ေန႔စဥ္ၾကားေနရပါလိမ့္မယ္။ သူနဲ႔အၿပိဳင္ ဆဲဆိုေအာ္ဟစ္ေနမယ္ဆိုရင္ေတာ့ သင္ဟာ မိန္းမၾကမ္းႀကီးတစ္ေယာက္ ျဖစ္သြားမွာ အေသအခ်ာပါပဲ။

၄။ သူစိတ္ေပ်ာ္ေနခ်ိန္ဆို သင့္ကို ရွိတယ္လို႔ေတာင္ မထင္တဲ့ေယာက္်ား

သူပ်င္းေနမွ သင့္ဆီကိုဖုန္းဆက္ဖို႔ သတိရတတ္ပါတယ္။ က်န္တဲ့အခ်ိန္ေတြမွာ သင့္ကို နည္းနည္းေလးမွ အဖတ္ေတာင္လုပ္မွာမဟုတ္ပါဘူး။ အေပါင္းအသင္းေတြနဲ႔ အေသာက္အစားအေပ်ာ္အပါး မက္ေနတတ္ပီး game ဒါမွမဟုတ္ ေဆးဆြဲေနတဲ့သူမ်ိဳးေတြကိုလည္း ေဝါင္ေဝါင္ေရွးသင့္ပါတယ္။ သင္တြဲမိခဲ့ရင္ေတာ့ သင့္မွာခ်စ္သူရည္းစားရွိေနေပမယ့္ fa တစ္ေယာက္လိုမ်ိဳး သင့္ေနနဲ႔ခံစားေနရမွာ အေသခ်ာပါပဲ။

၅။ မိန္းကေလးတစ္ေယာက္ကို ေပ်ာ္ေတာ္ဆက္တစ္ေယာက္လို သေဘာထားတတ္ေသာ ေယာက္်ား

fifty shady gray ဆိုတဲ့ ဇာတ္ကားကို သင္ၾကည့္ဖူးမယ္လို႔ ထင္ပါတယ္။ ဒီလိုပဲ သင့္ကို ေပ်ာ္ေတာ္ဆက္တစ္ေယာက္လို ဆက္ဆံတတ္တဲ့ ေယာက္်ားမ်ိဳးကိုေတာ့ သင္စိတ္မကူးသင့္ပါဘူးေနာ္။ သင့္အတြက္ အရမ္းအရမ္းကို အႏၲရာယ္မ်ားပါတယ္။ တခ်ိဳ႕မိန္းကေလးေတြကေတာ့ ဒီလိုေယာက္်ားမ်ိဳးေတြကို ထူးထူးဆန္းဆန္း စိတ္ဝင္စားတတ္ၾကပါတယ္။ ဒါေပမယ့္ ေရရွည္မွာေတာ့ စိတ္ကုန္စိတ္နာသြားႏိုင္တာမို႔ အစထဲက အခြင့္အေရးမေပးထားတာ အေကာင္းဆုံးပါပဲေနာ္။

၆။ မိန္းကေလးတစ္ေယာက္ကို ရန္ျဖစ္တဲ့အခါ လက္ပါတတ္ေသာ ေယာက္်ား

ဒီလိုေယာက်္ားမ်ိဳးကိုေတာ့ မိန္းကေလးေတြ ႀကိဳက္ႏွစ္သက္ၾကလိမ့္မယ္လို႔ မထင္ပါဘူး။ ႏွစ္ဦးသား သေဘာထားမတိုက္ဆိုင္လို႔ ရန္ျဖစ္ၾကတဲ့အခါ ႐ိုက္မယ္ႏွက္မယ္ဆိုတဲ့ အျပဳအမူကေတာ့ လူမိုက္ဆန္ဆန္ အျပဳအမူပါပဲ။ ဒီလို ခဏခဏအ႐ိုက္ႏွက္ခံရတဲ့ မိန္းကေလးဟာ ၾကာလာတဲ့အခါ စိတ္ဒဏ္ရာရသြားႏိုင္ပါတယ္။ ဒါေၾကာင့္ သင့္ခ်စ္သူက ခဏခဏ လက္ပါလာခဲ့မယ္ဆိုရင္ေတာ့ ျပန္စဥ္းစားဖို႔ အႀကံေပးပါရေစ။

၇။ ကတိမတည္ေသာ ေယာက္်ား

သင့္ဆီက အေျဖမရခင္ကေတာ့ ကတိမ်ိဳးစုံေပးပီး သင့္ရဲ႕အခ်စ္ကို ရယူပါလိမ့္မယ္။ ဒါေပမယ့္ သင္နဲ႔ခ်စ္သူရည္းစားျဖစ္သြားတဲ့အခါ ေပးထားတဲ့ကတိေတြ တခုခ်င္းခ်ိဳးဖ်က္တတ္တဲ့ ေယာက္်ားမ်ိဳးကလည္း ေကာင္းတဲ့ေယာက္်ားထဲေတာ့ မပါဝင္ပါဘူး။ ကတိကိုလြယ္လြယ္ေပးပီး မတည္တတ္တဲ့သူမ်ိဳးဟာ မၾကာခဏဆိုသလို သင့္စိတ္ကို ဒဏ္ရာရေစမွာ အမွန္ပါပဲ။

၈။ ဘဝအိပ္မက္ႏွင့္ ရည္မွန္းခ်က္မရွိေသာ ေယာက္်ား

မိမိလိုခ်င္တဲ့ ရည္မွန္းခ်က္ကို ျဖစ္ေအာင္လုပ္ဖို႔ ႀကိဳးစားေနသူေတြ အမ်ားအျပား သင္ေတြ႕ရပါလိမ့္မယ္။ ရည္မွန္းထားတဲ့အတိုင္း ေရာက္ရွိခဲ့ၾကတဲ့သူေတြရွိသလို ရည္မွန္းခ်က္မျပည့္ေသးေပမယ့္ ဇြဲမေလွ်ာ့ပဲ ႐ုန္းကန္ေနသူေတြအတြက္ေတာ့ ႀကိဳးစားမႈကို အသိအမွတ္ျပဳၾကရမွာပါ။ တကယ္လို႔သာ သင့္ခ်စ္သူဟာ ဘဝရည္မွန္းခ်က္ လုံးဝမရွိပဲနဲ႔ ေပါ့ေပါ့ေနေပါ့ေပါ့စား ေနထိုင္သူတစ္ေယာက္ျဖစ္ခဲ့ရင္ေတာ့ သင့္ဘဝေရွ႕ေရးအတြက္ ရင္ေလးစရာပါပဲ။ အနာဂတ္ကို သူနဲ႔လက္တြဲသြားဖို႔ ဆုံးျဖတ္ထားရင္ေတာ့ ျပန္ပီးစဥ္းစားလိုက္ပါအုံး။

၉။ ျပသနာတစ္ခုကို ေခါင္းေရွာင္တတ္ေသာ ေယာက္်ား

ျပသနာတစ္ခုကို ႀကဳံေတြ႕ရတဲ့အခါမွာ မိန္းကေလးထက္ ေယာက္်ားေလးကပိုပီး ဦးေဆာင္ဦး႐ြက္ျပဳ ရင္ဆိုင္ေျဖရွင္းသင့္ပါတယ္။ ဒါမွမဟုတ္ပဲ ျပသနာကိုေခါင္းေရွာင္တတ္တဲ့ ညဏ္တိမ္တဲ့ေယာက်္ားမ်ိဳးကို ရထားရင္ေတာ့ သင့္ဘဝဟာ ေခ်ာက္ထဲကိုက်ေနသလို ခံစားရမွာ အေသအခ်ာပါပဲ။ ဘာကိုမွ ရင္ဆိုင္မေျဖရွင္းပဲ ထြက္ေျပးဖို႔သာျပင္ေနတဲ့သူေၾကာင့္ သင္သာ ပင္ပင္ပန္းပန္းနဲ႔ေျဖရွင္းပီး ေနာက္ဆုံးမွာေတာ့ ျပသနာေတြၾကား စုံးစုံးျမဳတ္သြားပါလိမ့္မယ္။

HanteR

Post a comment

0 Comments