မွေးကင်းစကလေးကို သေပြီထင်ပြီး ရင်ခွဲရုံပို့ထားတာ မသေပဲ အသက်ရှင်နေတဲ့ နေပြည်တော်ကဖြစ်ရပ် (ရုပ်သံ)


၂၇.၆.၂၀၂၀ရက်နေ့ မနက်က နေပြည်တော် ပုဗ္ဗသီရိကုတင် (၃၀၀) ပြည်သူ့ဆေးရုံရဲ့ရင်ခွဲရုံမှာ အသက်ရှိနေတဲ့ မွေးကင်းစ ကလေးငယ်တစ်ဦးကို သေပြီဆိုပြီး ကြွပ်ကြွပ်အိတ်နဲ့ထည့်ကာ ရင်ခွဲရုံပို့ထားခဲ့ပါတယ်။ ကိုသဗ္ဗသုခနာရေးအသင်းက လူသေအလောင်း ရင်ခွဲရုံပို့ရင်း ကြမ်းပြင်ပေါ်ချထားတဲ့ ကြွပ်ကြွပ်အိတ်လေးက လှုပ်နေပြီး အသံကြားရလို့ ဖွင့်ကြည့်တဲ့အခါ အသက်ရှင်နေတဲ့ ကလေးဖြစ်နေတဲ့အတွက် ရင်ခွဲရုံစောင့်ကို ပြတဲ့အခါ ဆေးရုံတာဝန်ရှိသူတွေလက်ကို အပ်လိုက်တယ်လို့ သိရပါတယ်။


သဗ္ဗသုခဥက္ကဌကတော့ ဒီဖြစ်စဉ်ဟာ ဆရာဝန်တွေ ပေါ့လျော့မှုဖြစ်တာမို့ ဆေးရုံအုပ်ကို တွေ့ဆုံဖို့ ခွင့်တောင်းပေမယ့် မတွေ့တဲ့အတွက် MOHS ပြည်ထောင်စုဝန်ကြီး၊နေပြည်တော်ကောင်စီဥက္ကဌ၊ြ မန်မာနိုင်ငံဆေးကောင်စီ ဥက္ကဌတွေဆီ July 3 ရက်နေ့က စာပို့တင်ပြထားတယ်လို့ သိရပါတယ်။


(၅) နာရီကြာ ကြွပ်ကြွပ်အိတ်ထဲမှာ နေခဲ့ရတဲ့ မွေးကင်းစကလေးငယ်ဟာ (၄) ရက် အသက်ရှင်ခဲ့ပြီး ၃၀.၆.၂၀၂၀ မနက်မှာ သေဆုံးခဲ့ပါတယ်။

လူ့အသက်တစ်ချောင်းကို ပေါ့ဆစွာ မဆောင်ရွက်သင့်ဘူးဆိုပီး နီးစပ်ရာအသိုင်းအဝိုင်းမှာ ဝေဖန်ပြောဆိုမှုတွေ ရှိပါတယ်။ သဗ္ဗသုခနာရေးအသင်းရဲ့ ဖော်ထုတ်မှုကိုလည်း ချီးကျူးနေကြပါတယ်။


ဖြစ်စဉ်နဲ့ပက်သက်ပြီး နာရေးအသင်းက သားဖွားမီးယပ်ဆောင် တာဝန်ခံအထူးကု ဆရာဝန်မကို တွေ့ဆုံမေးမြန်းထားတဲ့ ၅မိနစ်စာ ဗွီဒီယိုဖိုင်လေးကို တင်ပေးလိုက်ပါတယ်။



Source - နေပြည်တော်အသိုင်းအဝိုင်း
Lovemedia
====================
For Zawgyi

ေမြးကင္းစကေလးကို ေသၿပီထင္ၿပီး ရင္ခြဲ႐ုံပို႔ထားတာ မေသပဲ အသက္ရွင္ေနတဲ့ ေနျပည္ေတာ္ကျဖစ္ရပ္ (႐ုပ္သံ)

၂၇.၆.၂၀၂၀ရက္ေန႔ မနက္က ေနျပည္ေတာ္ ပုဗၺသီရိကုတင္ (၃၀၀) ျပည္သူ႔ေဆး႐ုံရဲ႕ရင္ခြဲ႐ုံမွာ အသက္ရွိေနတဲ့ ေမြးကင္းစ ကေလးငယ္တစ္ဦးကို ေသၿပီဆိုၿပီး ၾကြပ္ႂကြပ္အိတ္နဲ႔ထည့္ကာ ရင္ခြဲ႐ုံပို႔ထားခဲ့ပါတယ္။ ကိုသဗၺသုခနာေရးအသင္းက လူေသအေလာင္း ရင္ခြဲ႐ုံပို႔ရင္း ၾကမ္းျပင္ေပၚခ်ထားတဲ့ ၾကြပ္ႂကြပ္အိတ္ေလးက လႈပ္ေနၿပီး အသံၾကားရလို႔ ဖြင့္ၾကည့္တဲ့အခါ အသက္ရွင္ေနတဲ့ ကေလးျဖစ္ေနတဲ့အတြက္ ရင္ခြဲ႐ုံေစာင့္ကို ျပတဲ့အခါ ေဆး႐ုံတာဝန္ရွိသူေတြလက္ကို အပ္လိုက္တယ္လို႔ သိရပါတယ္။

သဗၺသုခဥကၠဌကေတာ့ ဒီျဖစ္စဥ္ဟာ ဆရာဝန္ေတြ ေပါ့ေလ်ာ့မႈျဖစ္တာမို႔ ေဆး႐ုံအုပ္ကို ေတြ႕ဆုံဖို႔ ခြင့္ေတာင္းေပမယ့္ မေတြ႕တဲ့အတြက္ MOHS ျပည္ေထာင္စုဝန္ႀကီး၊ေနျပည္ေတာ္ေကာင္စီဥကၠဌ၊ျ မန္မာႏိုင္ငံေဆးေကာင္စီ ဥကၠဌေတြဆီ July 3 ရက္ေန႔က စာပို႔တင္ျပထားတယ္လို႔ သိရပါတယ္။

(၅) နာရီၾကာ ႂကြပ္ႂကြပ္အိတ္ထဲမွာ ေနခဲ့ရတဲ့ ေမြးကင္းစကေလးငယ္ဟာ (၄) ရက္ အသက္ရွင္ခဲ့ၿပီး ၃၀.၆.၂၀၂၀ မနက္မွာ ေသဆုံးခဲ့ပါတယ္။

လူ႔အသက္တစ္ေခ်ာင္းကို ေပါ့ဆစြာ မေဆာင္႐ြက္သင့္ဘူးဆိုပီး နီးစပ္ရာအသိုင္းအ၀ိုင္းမွာ ေ၀ဖန္ေျပာဆိုမႈေတြ ရိွပါတယ္။ သဗၺသုခနာေရးအသင္းရဲ႕ ေဖာ္ထုတ္မႈကိုလည္း ခ်ီးက်ဴးေနၾကပါတယ္။

ျဖစ္စဥ္နဲ႔ပက္သက္ၿပီး နာေရးအသင္းက သားဖြားမီးယပ္ေဆာင္ တာဝန္ခံအထူးကု ဆရာဝန္မကို ေတြ႕ဆုံေမးျမန္းထားတဲ့ ၅မိနစ္စာ ဗြီဒီယိုဖိုင္ေလးကို တင္ေပးလိုက္ပါတယ္။

Source - ေနျပည္ေတာ္အသိုင္းအ၀ိုင္း
Lovemedia

Post a comment

0 Comments