ကိုယ်ချစ်ရတဲ့သူနဲ့ date ရတာ စိတ်လှုပ်ရှားစရာကောင်းပေမယ့် ငွေကတော့ ကုန်ပါတယ်။ ဒါပေမယ့် ငွေကုန်လည်း မများ၊ ပျော်လည်းပျော်ရမယ့် date နည်းတွေ အများကြီးပါပဲ။
၁။ ကားမောင်းခြင်း
ကားကို အတူတူမောင်းခြင်းက မိနစ်ပိုင်းလေးအတွင်းမှာ စိတ်လှုပ်ရှားပျော်ရွှင်မှုတွေ အများကြီးရစေမှာပါ။ ရင်းနှီးမှုလည်း ပိုတိုးစေမှာပါ။
၂။ ဂစ်တာတီးခြင်း
သင်တို့နှစ်ယောက်ကြိုက်တဲ့ ဂီတပုံစံက တူချင်မှ တူပါလိမ့်မယ်။ ဒါပေမယ့် သီချင်းတစ်ပုဒ်ကို နှစ်ယောက်သား အတူတူရေး၊ ဂစ်တာတီးပြီး အတူတူဆိုခြင်းက မမေ့နိုင်တဲ့ အမှတ်တရတွေကို ဖန်တီးပေးမှာပါ။
၃။ ပရဟိတ အတူတူလုပ်ခြင်း
သင်တို့နှစ်ယောက်လုံးက တိရစ္ဆာန်တွေ၊ သစ်ပက်တွေကို ချစ်တတ်ပြီး အလှူလုပ်စတာ သဘောကျတယ်ဆိုရင် အဆင်ပြေပါပြီ။ အားလပ်ရက်တွေမှာ သစ်ပင်အတူတူ စိုက်တာ၊ ဘုရားမှာ သန့်ရှင်းရေးအတူတူလုပ်တာ၊ ဘိုးဘွားရိပ်သာမှာ လုပ်အားပေးလုပ်တာတွေက ကုသိုလ်လည်း ရမှာပါ။
၄။ Window shopping
Supermarket ထဲ သွားပြီး ဘာမှမဝယ်ဘဲ လျှောက်လည်နေခြင်းက ပျော်စရာကောင်းနေမှာပါ။
၅။ ကြယ်တွေကို အတူတူကြည့်ခြင်း
ကြယ်တွေကို အတူတူကြည့်ရင်း စကားတွေ တဝကြီးပြောရတာ၊ ကြယ်တွေကို အတူတူရေတွက်ရတာ ဘယ်လောက် ပျော်စရာကောင်းတဲ့ အခိုက်အတန့်လဲနော်။
၆။ Gym သွားခြင်း
Gym ကို အတူတူသွားပြီး လေ့ကျင့်ခန်းတွေ လုပ်ခြင်းက ပျော်စရာကောင်းရုံမက ကျန်းမာလာဦးမှာပါ။
၇။ အိမ်မှာ ဟင်းအတူတူ ချက်စားခြင်း
အပြင်မှာ ညစာကို အတူတူထွက်စားပြီး date ရတာ အလွန်ဈေးကြီးပါတယ်။ အဲဒါကြောင့် ဈေးအတူတူ ဝယ်ပြီး အိမ်မှာ အတူတူချက်စားတာက အကုန်အကျသက်သာပြီး ကျန်းမာရေးနဲ့လည်း ညီညွတ်ပါတယ်။
၈။ ဂိမ်းကစားခြင်း
Video game သို့မဟုတ် နှစ်ယောက်အတူတူဆော့လို့ရမယ့် game က ငြင်းခုံရင်းနဲ့ ပျော်ရွှင်နေရမှာပါ။
၁၀။ အသီးအတူတူခူးခြင်း
အသီးတွေ သီးတဲ့ရာသီဥတုမှာ အသီးခူးရင်းနဲ့ စကားပြောရတာလည်း မမေ့နိုင်တဲ့ date ဖြစ်စေမှာပါ။
၁၁။ အိမ်တွင် spa လုပ်ခြင်း
မျက်နှာမှာ သခွားသီး အတူတူကပ်တာ၊ အာလူး အတူတူကပ်တာက အကုန်အကျ သက်သာပြီး မျက်နှာအသားအရေကို ထိန်းသိမ်းပြီးသားလည်း ဖြစ်စေပါတယ်။
၁၂။ ပင်ပေါင်ရိုက်ခြင်း သို့မဟုတ် ဘိုးလင်းကစားခြင်း
အတူတူယှဉ်ပြိုင်ပြီး ကစားချင်ရင် ပင်ပေါင်ရိုက်ခြင်း ဒါမှမဟုတ် ဘိုးလင်းကစားခြင်းကို ရွေးချယ်သင့်ပါတယ်။
၁၃။ သူငယ်ချင်းတွေနှင့် အတူတူ ညစာစားခြင်း
နှစ်ယောက်တည်း date ရတာ ငြီးငွေ့လာရင် သူငယ်ချင်းတွေကို ဖိတ်ပြီး ညစာအတူစားပါ ။ အဲဒီအခါ သူငယ်ချင်းတွေအတွက် suprise လုပ်ပြီးသားလည်း ဖြစ်သွားစေပါတယ်။
၁၄။ ဓါတ်ပုံအတူတူ ရိုက်ခြင်း
ဓါတ်ပုံတစ်ပုံက စကားလုံးပေါင်းမြောက်များစွာကို ပြောပြနိုင်စွမ်းရှိပါတယ်။ အဲဒါကြောင့် ဓါတ်ပုံတွေ အများကြီး ရိုက်ထားခြင်းက တစ်ချိန်မှာ အမှတ်တရတွေ ဖြစ်လာမှာပါ။
၁၅။ အတူတူတွဲကခြင်း
သင်ံဟာ ကတတ်သူ ဖြစ်ချင်မှ ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် အိမ်မှာ သီချင်းဖွင့်ပြီး သင့်ချစ်သူနဲ့အတူတူတွဲကခြင်းကလည်း တကယ့် romantic ပါပဲ။
၁၆။ မြို့ပတ်ဝန်းကျင်ကို လျှောက်လည်ခြင်း
မြို့ထဲမှာ လျှောက်လည်နေရတာမှ ပျော်စရာကောင်းတာ မဟုတ်ပါဘူး။ မြို့ပြင်ကို လေကောင်းလေသန့်သွားရှူရတာကလည်း ပျော်စရာကောင်းပါတယ်။
၁၇။ တောင်တက်ခြင်း သို့မဟုတ် စက်ဘီးစီးခြင်း
တောင်တက်တာကလည်း date လို့ ကောင်းပါတယ်။ တောင်တက်တဲ့အခါ တစ်ယောက်ကိုတစ်ယောက် ဖေးမကူညီရင်း ရင်းနှီးလာကြပါတယ်။ ဒါမှမဟုတ် စက်ဘီးကိုယ်စီနဲ့ ခရီးတိုလေးတွေ ထွက်လို့လည်း ရပါတယ်။
၁၈။ ပွဲတွေကို အတူတူသွားခြင်း
ရိုးရာပွဲတော်တွေကို အတူတူ လျှောက်ပတ်ကြည့်တဲ့အခါ စိတ်ပြေလက်ပျောက် အပျင်းပြေပါတယ်။
၁၉။ ကမ်းခြေကို သွားခြင်း
သင်နေတဲ့နေရာက ကမ်းခြေနဲ့နီးရင် နွေရာသီမှာ ကမ်းခြေကိုသွားပြီး adventure ဆန်လို့ ရပါသေးတယ်နော်။
၂၀။ ပျော်ပွဲစားထွက်ခြင်း
နီးနီးနားနားပန်းခြံတစ်ခုမှာ ပျော်ပွဲစားထွက်တဲ့အခါ ငွေလည်းမကုန်၊ စိတ်မွန်းကျပ်နေတာတွေလည်း ပျောက်သွားမှာပါ။
Zombie(LoveMedia)
For Zawgyi
ငွေမကုန်ဘဲ ပျော်ပျော်ရွှင်ရွှင် Date နိုင်မယ့် နည်းလမ်းများ
၁။ ကားမောင်းခြင်း
၂။ ဂစ်တာတီးခြင်း
၃။ ပရဟိတ အတူတူလုပ်ခြင်း
၎။ Window shopping
၆။ Gym သွားခြင်း
၈။ ဂိမ်းကစားခြင်း
၁၀။ အသီးအတူတူခူးခြင်း
၁၅။ အတူတူတွဲကခြင်း
၁၉။ ကမ်းခြေကို သွားခြင်း
Zombie(LoveMedia)
0 Comments