အက်ဆီးဒင့်ကြောင့် အတိတ်မေ့နေတဲ့ချစ်သူကို ပြန်ချစ်လာအောင် နေ့တိုင်းကြိုးစားခဲ့တဲ့ အမျိုးသား


"50 First Dates" ဆိုတဲ့ ရုပ်ရှင်ကို ကြည့်ဖူးကြမယ် ထင်ပါတယ်။ လက်တွေ့ဘဝမှာလည်း ရုပ်ရှင်ထဲကလို အဖြစ်အပျက်ရှိပါတယ်။ အသက် 24 နှစ်အရွယ် ဂျပန်မိန်းကလေး Maruyama ဟာ စက်ဘီးစီးရင်း ကားက ဝင်တိုက်သွားပါတယ်။ သတိရလာတဲ့ အခါမှာတော့ ဘာကိုမှ မမှတ်မိတော့ပါဘူး။ သူမဟာ အတိတ်မေ့ရောဂါဖြစ်သွားပြီး အရင်မှတ်ဉာဏ်ပြန်ရဖို့ အလားအလာ မရှိဘူးလို့ ဆရာဝန်တွေက ပြောကြပါတယ်။

အင်တာဗျူးတစ်ခုမှာတော့ Maruyama က မယုံနိုင်စရာ အဖြစ်အပျက်ကို မျှဝေခဲ့ပါတယ်။


"ကျွန်မ အက်ဆီးဒင့်ဖြစ်ခဲ့တာကိုလည်း မမှတ်မိဘူး။ အက်ဆီးဒင့်မတိုင်မီက အကြောင်းတွေကိုလည်း မမှတ်မိတော့ဘူး။ ကျွန်မရဲ့မိသားစုအကြောင်း၊ မိသားစုဆိုတာ ဘာလဲဆိုတာတောင် မမှတ်မိတော့တာပါ။ "အဖေ"နဲ့"အမေ" ဆိုတဲ့ စကားနှစ်လုံးကိုပဲ သိတော့တယ်"

ပထမနှစ်လကတော့ အလွန့်အလွန်ကို ခက်ခဲပါတယ်။ သူမရဲ့မှတ်ဉာဏ်က ပျောက်သွားတာဖြစ်လို့ အချိန်တိုင်း အိပ်နေပါတယ်။ မနက်နိုးလာရင် ထိန်းမနိုင် သိမ်းမရအောင် ကြောက်လန့်နေပါတယ်။ Maruyama က သူမဘယ်သူလဲဆိုတာ၊ ဘယ်လိုအိပ်ပျော်သွားလဲ ဆိုတာ မမှတ်မိတော့ပါဘူး။

နောက်ရက်တွေအတွက် ပြန်မှတ်မိနိုင်ဖို့ ဒိုင်ယာရီရေးသင့်တယ်လို့ ဆရာဝန်တွေက အကြံပေးပါတယ်။ ဒိုင်ယာရီထဲမှာ သူမရဲ့နာမည်၊ လိပ်စာ၊ ဖုန်းနံပါတ်နဲ့ မွေးနေ့ စတဲ့ အသေးစိတ်အချက်တွေကို ထည့်ရေးထားတယ်လို့ Maruyama က ပြောပြပါတယ်။


"နေ့တိုင်း ထူးဆန်းတဲ့ ပတ်ဝန်းကျင်မှာပဲ နိုးလာရတယ်။ ကျွန်မရဲ့အမေက မနက်တိုင်းလာနှိုးတယ်။ မှတ်ဉာဏ်တွေ ပျောက်ဆုံးခဲ့ရတယ်" လို့ ဒိုင်ယာရီထဲမှာ ရေးထားပါတယ်။

အတိတ်မေ့နေတဲ့ ကာလမှာ ဘာမှ ခံစားလို့မရဘဲ တစ်နေကုန်အိမ်မှာ ဘာမှမလုပ်ဘဲ ထိုင်နေတယ်လို့ Maruyama က ပြောပါတယ်။ သူမရဲ့မိဘတွေကတော့ ပြန်မှတ်မိလာဖို့ ဓာတ်ပုံအဟောင်းတွေပြပြီ ကြိုးစားပါတယ်။ ဒါပေမယ့် မောတာကလွဲပြီး ဘာမှထူးမလာပါဘူး။ ကြေကွဲစရာကောင်းတာကတော့ သူမနဲ့စေ့စပ်ထားတဲ့ အမျိုးသား Oh Huaya ကို မမှတ်မိတော့တာပါ။


Liနဲ့ Maruyama က လွန်ခဲ့တဲ့ နှစ်နှစ်ကျော်ကတည်းက တွေ့ခဲ့ကြတာပါ။ အက်ဆီးဒင့်မဖြစ်ခင် ငါးလအလိုကတည်းက သူတို့နှစ်ယောက်က စေ့စပ်ထားပြီး လက်ထပ်ဖို့တောင် စီစဉ်ထားတာပါ။ Maruyama က ရက်စွဲကိုတောင် မှတ်ထားပါသေးတယ်။

"Liက နေ့တိုင်း သူ့ကိုယ်သူ ပြန်မိတ်ဆက်ဖို့ ကျွန်မကိုဖုန်းခေါ်ပါတယ်။ ဒါပေမယ့် ကျွန်မ ဘာမှ မမှတ်မိဘူး။ သူကတော့ နေ့တိုင်းဖုန်းဆက်ပြီး မိတ်ဆက်တယ်"


Maruyama က ဒိုင်ယာရီကို နေ့တိုင်းကြည့်ပေမယ့် နောက်နေ့တွေဆိုရင် Li အပေါ် သူစိမ်းတစ်ယောက်လို ဖြစ်သွားပါတယ်။

"ကျွန်မအိပ်တော့မယ်ဆိုရင် သူ့ကို မေ့သွားတော့မှာပဲလို့ Li က ပြောတယ်။ "ရှင်က နှောင့်ယှက်မယ့်သူလား ဒါမှမဟုတ် သူငယ်ချင်းလား " လို့ ကျွန်မမေးလိုက်သေးတယ်။ သူခံစားနေရပေမယ့် ကျွန်မရဲ့သူငယ်ချင်းပါလို့ ဖြေပါတယ်။ နောက်ပြီး သူ့ကိုယ်သူ ပြန်မိတ်ဆက်ပြန်ပါတယ်"

အစကတော့ Li အတွက် အခက်အခဲဖြစ်စေလို့ Maruyama က လမ်းခွဲဖို့ တောင်းဆိုခဲ့ပါသေးတယ်။ဘာမှ မမှတ်မိတော့လို့ လူသစ်တစ်ယောက်လို ဖြစ်နေခဲ့ပါတယ်။


"တို့နှစ်ယောက်ရဲ့ အမှတ်တရတွေကို မင်း မေ့ချင်မေ့နေလိမ့်မယ်။ ဒါပေမယ့် အမှတ်တရအသစ်တွေကို အတူဖန်တီးလို့ ရပါတယ်။ မင်းရဲ့အရင်ပုံစံကော၊ အခုပုံစံကိုကော သဘောကျတယ်" လို့ Maruyama က လမ်းခွဲစကားပြောတဲ့အခါ Liက ပြန်ဖြေခဲ့ပါတယ်။ Liက စကားအမြဲတမ်းပြောပေးနေတဲ့ တစ်ယောက်တည်းသောသူလို့ Maruyama က ပြောပါတယ်။ ဒီလိုစကားပြောပေးခြင်းက ပျော်ရွှင်မှုရဲ့အဓိပ္ပါယ်ကို ပြန်လည်ရှာတွေ့စေပါတယ်။

နောက်နှစ်လမှာတော့ အခြေအနေတိုးတက်လာပါတယ် ။ မနက်ဆိုရင် မှတ်ဉာဏ်တွေ ပြန်သတိရလာဖို့ အကြာကြီး မကြိုးစားရတော့ပါဘူး။ အခုဆိုရင် Liကို မှတ်မိလာပါပြီ။ သူမအတွက် Li ရဲ့ အနစ်နာခံမှုတွေကိုလည်း မှတ်မိလာပါပြီ။ Maruyama က Li ကို တစ်ဖန်ပြန်ချစ်သွားပြီး Li အံဩသွားအောင် ဘုရားကျောင်းတစ်ခုမှာ လက်ထပ်ခွင့်တောင်းမယ်လို့ ဆုံးဖြတ်ထားပါတယ်။


ဒါပေမယ့် Maruyama က Li ကို သတင်းဆိုးတစ်ခုပြောပြလိုက်ပါတယ်။ "မကြာခင်မှာပဲ တော်တော်ဆိုးဆိုးဝါးဝါး ခေါင်းကိုက်လာတယ် ။ ကျွန်မရဲ့အတိတ်မေ့ရောဂါက ပိုဆိုးလာနိုင်တယ်လို့ ဆရာဝန်တွေက ပြောကြတယ်။ ကျွန်မရဲ့မှတ်ဉာဏ်က ပြန်ပျောက်သွားပြီး ပြန်မှတ်မိလာဖို့ 50% ပဲ အခွင့်အရေးရှိပါတယ်။ ဒီလိုအခြေအနေမှာ ကျွန်မနဲ့အတူ ရှိနေချင်သေးလား"

LIက "ရှိပေးမှာပေါ့" လို့ ပြန်ဖြေလိုက်ပါတယ်။ အခုတော့ သူတို့နှစ်ယောက် လက်ထပ်လိုက်ကြပါပြီ။

Zombie(LoveMedia)
Ref - Worldofbuzz

Post a comment

0 Comments