Modern life မှာ social media မှာ အချိန်ကုန်တာ များလာပါတယ်။ အဲဒါကြောင့် ကျန်းမာရေးအတွက် ဂရုစိုက်ဖို့ အချိန် နည်းလာကြပါတယ်။ ကမ္ဘာ့လူဦးရေရဲ့ ၈၀% ဟာ တစ်သက်မှာ တစ်ခါတော့ ခါးနာဝေဒနာကို ခံစားဖူးတယ်လို့ American Chiropractic Association က ဖော်ပြထားပါတယ်။ ခါးနာခြင်းကို ပျောက်ကင်းသွားအောင် လွယ်လွယ်ကူကူ ပြုလုပ်လို့ရတဲ့ နည်းလမ်းတွေ ရှိပါတယ်။
၁။ ခန္ဓါကိုယ်ကို ဆန့်ပြီး အနားယူခြင်း
ခန္ဓါကိုယ်ကိုဆန့်ပြီး အနားယူခြင်းက အင်ဒိုဖင်းဆိုတဲ့ ပျော်ရွှင်စေတဲ့ ဟော်မုန်းထွက်လာစေပါတယ်။ အဲဒီဟော်မုန်းက ခန္ဓါကိုယ်က တင်းမာမှုတွေကို လျော့ကျစေပြီး ကြွက်သားတွေကို သန်မာစေပါတယ်။
၂။ ခြေထောက်ကို နွေးနွေးထွေးထွေးနေခြင်း
ဝမ်းဗိုက်ရောင်ရမ်းရင်လည်း ခါးနာလာနိုင်ပါတယ်။ ဝမ်းဗိုက်ရောင်ရမ်းတာကို ကာကွယ်ဖို့ဆိုရင် ခြေထောက်ကို နွေးနွေးထွေးထွေးထားဖို့ လိုပါတယ်။
၃။ ရေနွေးအိတ်ကပ်ခြင်း၊ ရေခဲအိတ်ကပ်ခြင်း
ခါးနာတဲ့အခါ ၂၄ နာရီကနေ ၄၈ နာရီအတွင်း ရေခဲအိတ်ကပ်ပေးတာ အကောင်းဆုံးပါ။ ၄၈ နာရီ ပြီးရင်တော့ သက်တောင့်သက်သာဖြစ်ချင်ရင် ရေနွေးအိတ်ကပ်ပေးလို့ ရပါတယ်။ ရေခဲအိတ်၊ ရေနွေးအိတ်ကို ခါးပေါ်မှာ ပိတ်စတစ်ခုတင်ပြီးမှ ကပ်ပေးသင့်ပါတယ်။
၄။ အိပ်စက်မှုပုံစံပြောင်းလဲခြင်း
မကောင်းတဲ့မွေ့ရာတွေကလည်း ခါးနာစေပါတယ်။ ဒူးအောက်မှာ ခေါင်းအုံးတစ်လုံး ထားအိပ်ခြင်းက ဒူးနဲ့ကျောက တင်းမာမှုတွေကို ပြေလျော့စေပါတယ်။
၅။ ယောဂ
ခါးနာတတ်သူတွေက ယောဂလေ့ကျင့်ခန်းတွေ ပြုလုပ်ပေးသင့်ပါတယ်။ ယောဂက ခန္ဓါကိုယ်က ကြွက်သားတွေကို ဖြေလျော့ပေးတဲ့အပြင် စိတ်ကိုလည်း တည်ငြိမ်စေပါတယ်။
၆။တံကောက်ကြောကို ဆန့်ခြင်း
တံကောက်ကြောတွေ တင်းနေရင်လည်း ခါးနာတတ်ပါတယ်။ အဲဒါကြောင့် တံကောက်ကြောကို တစ်နေ့ကို အကြိမ်ပေါင်းများစွာ ဆန့်ထုတ်ပေးခြင်းက ခါးနာခြင်းကို သက်သာစေပါတယ်။
၇။ ဆေးလိပ်ဖြတ်ခြင်း
ဆေးလိပ်သောက်ခြက်းက အဆုတ်ရောဂါတွေနဲ့ကင်ဆာတွေကို ဖြစ်ပွားစေရုံမက သွေးကြောတွေကိုပါ ကျဉ်းလာစေပါတယ်။ နူးညံ့တဲ့ တစ်ရှူးတွေကို သွေးစီးတဲ့အခါ အခက်အခဲတွေ ဖြစ်လာစေမှာပါ။
၈။ အပ်စိုက်ခြင်း
နာဗ်ကြောတွေကို လှုံ့ဆော်ဖို့အတွက် အပ်စိုက်ခြင်းကလည်း ထိရောက်ပါတယ်။
၉။ ကျောရိုးလေ့ကျင့်ခန်းများ ပြုလုပ်ခြင်း
ကျောနဲ့ဝမ်းဗိုက်မှာ ကြွက်သားတွေ အများကြီးရှိပါတယ်။ ကျောနဲ့ဝမ်းဗိုက်က ကြွက်သားတွေ မသန်မာတဲ့အခါ တခြားခန္ဓါကိုယ်အစိတ်အပိုင်းတွေမှာ ဖိအားတွေ များလာပါတယ်။ အဲဒီဖိအားတွေက ခါးနာစေပါတယ်။ ဗိုက်နဲ့ကျောရိုးတွေကို သန်မာအောင် လေ့ကျင့်ခြင်းက ခါးနာဝေဒနာကိုလည်း ပျောက်ကင်းစေပါတယ်။
၁၀။ ဦးနှောက်ကို အနားပေးခြင်း
စိတ်ပညာမှာ ခါးနာခြင်းနဲ့ စိတ်ဓါတ်ကျခြခင်း၊ ပူပင်သောကရောက်ခြင်းတို့က တစ်ခါတရံဆက်စပ်နေတယ်လို့ ဖော်ပြပါတယ်။ အဲဒါကြောင့် ခန္ဓါကိုယ်လေ့ကျင့်ခန်းတွေ ပြုလုပ်ပြီးတဲ့အခါ တရားထိုင်ခြင်း၊ အသက်ပြင်းပြင်း ရှူထုတ်ခြင်းတို့ကို ပြုလုပ်ပေးသင့်ပါတယ်။
၁၁။ ကျွမ်းကျင်သူနဲ့ ပြသခြင်း
ခါးနာတာကို ဆက်လက်ခံစားနေရရင် ကျောရိုးနဲ့ အဆစ်အမြစ် အနေအထားပြင် ကျွမ်းကျင်သူနဲ့ ပြသသင့်ပါတယ်။ ခါးနာခြင်းကင်းဝေးအောင်
-ဒေါက်မမြင့်တဲ့ဖိနပ်တွေကိုပဲ စီးပါ။
-ကားစီးတဲ့အခါ၊ ထိုင်ခုံမှာ ထိုင်တဲ့အခါ ခါးအောက်မှာ ခေါင်းအုံးအသေးတစ်လုံး ထားပြီး ထိုင်ပါ။
-ခါးမတ်မတ်နေပါ။
-အချိန်ကြာကြာ ထိုင်ရသူဆိုရင် ထိုင်တဲ့ပုံစံကို မကြာခဏပြောင်းပါ၊
-မနက်ခင်း စောစောမှာရတဲ့ နေရောင်ခြည်မှာ vitamin D အလုံအလောက် ပါဝင်ပြီး အရိုးတွေကို သန်မာစေပါတယ်။
Zombie (LoveMedia)
0 Comments